
အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးနိုင်ဖို့ရာ အကောင်းဆုံးအချိန်ဟာ ရာသီလာမယ့်ရက်ကိုကျော်လွန်ပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးနည်း (၂)မျိုးရှိပါတယ်။ ဆီးစစ်ခြင်းနှင့် သွေးစစ်ခြင်းတို့ပါ။
ကိုယ်ဝန်စစ်ဆေးမှုဆိုတာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ human chorionic gonadotropin (hCG) ပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။ ဆီးစစ်ခြင်းဟာ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ကိုယ်ဝန်စစ်ဆေးမှုတစ်မျိုးပါ။ ဆီးအတွင်းမှာရှိတဲ့ hCG ပမာဏကို တိတိကျကျ တိုင်းတာပေးပါတယ်။ သင်ဆီးစစ်လိုက်တဲ့အချိန်ဟာ ကိုယ်ဝန်ရနေပေမယ့် အရမ်းစောနေသေးတဲ့အခါ positive ပြချင်မှ ပြပါလိမ့်မယ်။ တိကျတဲ့ အဖြေကိုလိုချင်ရင်တော့ ရာသီလာမယ့်ရက်ကို ကျော်လွန်ပြီး ရက်အနည်းငယ်အကြာမှာ ဆီးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။
စစ်ဆေးမှုမှာ negative ဖြစ်စေနိုင်မယ့်အချက်တွေ အများကြီး ရှိနေပါတယ်။ သင့်မှာကိုယ်ဝန်အမှန်တကယ်မရှိခြင်း ၊ ဆီးစစ်တဲ့အချိန်စောလွန်းခြင်း ၊ သင်ထင်တာထက် သားဥကြွေချိန်နောက်ကျနေခြင်းတို့က စစ်ဆေးမှုမှာ positive ပြဖို့ လုံလောက်တဲ့ hCG ပမာဏကို ပေးနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ စစ်ဆေးမှုမှာ negative ပြနေပေမယ့် ရာသီလာခြင်း မရှိသေးပါက နောက်ရက်အနည်းငယ်အကြာမှာ ထပ်မံစစ်ဆေးကြည့်ရပါမယ်။
နောက်တစ်နည်းကတော့ သွေးကြောအတွင်း hCG ပမာဏကို တိုင်းတာတာပါ။ ဒီနည်းဟာ ဆီးစစ်ခြင်းထက်ပိုပြီး ထိခိုက်လွယ်တာကြောင့် ဟော်မုန်းပမာဏ အနည်းငယ်ကိုသာ တိုင်းတာနိုင်ပါတယ်။ သွေးစစ်ခြင်းဟာ ဆီးစစ်ခြင်းထက် ကိုယ်ဝန်ကိုစောစီးစွာ စစ်ဆေးနိုင်ပြီး များသောအားဖြင့် ရာသီလာမယ့်ရက်ကိုကျော်ပြီး ၆ရက်မှ ၈ရက်အတွင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမရှိ စောစီးစွာသိနိုင်ဖို့ သွေးစစ်တဲ့နည်းက ပိုပြီးအသုံးဝင်ပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ အလွယ်တကူ စစ်ဆေးလိုရင်တော့ ဆီးစစ်ခြင်းနည်းကိုပဲ အသုံးပြုနိုင်ပါတယ်။
HYA (kyarlay)