ကိုယ်ဝန်ဆောင်မေမေတို့ရေ မေမေတို့ရဲ့ကျန်းမာရေးအတွက်ရော မမွေးဖွားသေးတဲ့ရင်သွေးငယ်လေးအတွက်ပါ အန္တရာယ်မကျရောက်စေဖို့အတွက် သတိထားရမယ့် လက္ခဏာအခြေအနေလေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးထုတ်ပြန်ချက်လေးတွေအတိုင်း မေမေတို့က အခုလိုလက္ခဏာရပ်တွေကို ခံစားရပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းတွေ၊ ကျန်းမာရေးဌာနတွေကို အချိန်မဆိုင်းဘဲ ပြသပေးပါနော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ..
- မိန်းမကိုယ်မှ သွေးဆင်းတာ
- ခေါင်းပြင်းထန်စွာကိုက်ပြီး အမြင်မှုန်ဝါးတာ
- တက်တာ၊ သတိလစ်တာ
- အန်တာ၊ ရင်ညွန့် (ဒါမှမဟုတ်) ညာဘက်နံရိုးအောက်က အောင့်တာ
- ၀မ်းဗိုက်အလွန်အမင်း ဆက်တိုက်နာတာ
- ဖျားပြီး အိပ်ယာကမထနိုင်လောက်အောင် အားနည်းတာ
- အသက်ရှူမြန်တာ၊ အသက်ရှူက ခက်တာတွေကို ခံစားရတဲ့အခါ ဆေးရုံ၊ ဆေးခန်းတွေကို ချက်ခြင်းသွားရောက်ပါလို့ ကျားလေးကမျှဝေပေးလိုက်ပါတယ်နော်။
HM (ကျားလေး)