ကလေးများနဲ ့သူငယ်နာ။
credit Dr ပန်းအိ်ဖြူ။
ဘာဖြစ်လို့ သူငယ်နာလို့ခေါ်တာလဲဆိုတော့ မေမေတစ်ယောက်ပြောသလို သူငယ်မှာ ဖြစ်တဲ့ဟာတေွအကုန်လုံး ပေါင်းခေါ်လိုက်တာဖြစ်မည်။ မရှင်းမလင်းရတဲ့အထဲ အန္တရာယ်ရှိတာရော မရှိတာတေွရောကို လုံးခေါ်လိုက်တာက သာဆိုးသေးသည်။ အဲဒါရဲ့ အကျိုးဆက်က သူငယ်နာသံကြားလိုက်တာနဲ့ မိဘတေွမှာ မျက်ကလဲဆန်ပြာ ဘာလုပ်ရမည်မသိတော့ဘဲ အုပ်ဆေးတေွအုပ် (အုပ်ဆေးဆိုတာ ဘာမှန်းကိုမသိ၊ ဘယ်လိုအုပ်သလဲလည်း မသိ ဘယ်နေရာကိုအုပ်သလဲလည်း မသိ)၊ ခေွးသေးပန်းတေွတို့တဲ့သူက တို့၊ ရှုရှုးတေွ ကလေးလှျာကိုသုတ်တဲ့သူသုတ် ဖြစ်ကုန်သည်။ အရင်ဆုံး ဆုတောင်းမိတာက အဲဒီသူငယ်နာဆိုသည့် စကားလုံးကြီးကို လူတေွမသိတော့အောင် လုပ်နိုင်တဲ့ တန်ခိုးရချင်မိသည်။
ကလေးတေွမှာ မေွးရာပါပါလာသော ရောဂါများရှိသလို မေွးပြီးမှ မိဘနဲ့ ပတ်ဝန်းကျင်တန်ခိုးကြောင့် မဖြစ်သင့်ဘဲ ဖြစ်ရသည့်ရောဂါများလည်း ရှိသည်။ လူအများစုပြောနေကြသော သူငယ်နာဆိုသည့်အရာတေွကို စစ်ထုတ်လိုက်တော့ အောက်ပါအတိုင်းတေွ့ရသည်။
ကလေးမျက်လုံးလန်ခြင်း
- ကလေးများ အိပ်ချင်လှျင်၊ အိပ်နေစဉ် မျက်ဖြူစိုက်သလို မျက်လုံးလန်ခြင်းမှာ ပုံမှန်ဖြစ်သည်။ တစ်ခါတရံ မျက်စိနှစ်လုံး အလယ်တွင် ပူးစိုက်နေတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
- မျက်လုံးလန်ခြင်းနှင့်တွဲပြီး ခြေလက်များလှုပ်ခြင်းစသည့် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများဖြစ်ပါက သူငယ်မကောင်းတာ ဖြစ်ဖို့များသည်။ သူငယ်ဆရာဝန်ပြပါ။
ကလေးဇက်မခိုင်ခြင်း/ခေါင်းစောင်းခြင်း
- မေွးစကလေးများ မည်သူမှ ဇက်မခိုင်ပါ။ သုံးလလောက်ရောက်မှ လည်ပင်းကြွက်သားလေးများ သန်မာလာပြီး ခေါင်းထိန်းနိုင်လာပါသည်။ ခေါင်းမထိန်းနိုင်သေးသဖြင့် ထားသလိုနေရခြင်းဖြစ်သည်။ သူငယ်ကိုယ့်ဘာသာ ခေါင်းပြန်မတည့်တတ်သေးပါ။ ကလေးပေါက်စ ဇက်မခိုင်တိုင်း သူငယ်နာဆိုလှျင် ကမ႓ာပေါ်ရှိ သုံးလအောက် ကလေးတိုင်း သူငယ်နာကုန်ကြပေပြီ။ သုံးလအောက်ကလေးငယ် ဇက်မခိုင်ခြင်းမှာ ပုံမှန်ဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
- လေးလကျော် ငါးလကျော်သောကလေး ဇက်မခိုင်သေးလှျင် သူငယ်မကောင်းတာတစ်ခုခုဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။
ကလေးလှျာ ခံတွင်းတွင် မှက်ခရုပေါက်ခြင်း
- သူငယ်အနည်းငယ် မကောင်းပါ။ မိှုတစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ မိှုသတ်ဆေး ထည့်ပေးလှျင်ပျောက်သည်။ အမေနို့စို့လှျင် အမေနို့သီးခေါင်းတွင်လည်း မိှုကူးနိုင်ငည်။ အမေနို့ရော ကလေးပါးစပ်ထဲကိုပါ မိှုသတ်ဆေး ထည့်ရမည်။
- သူငယ့်ရှုရှုးဖြင့် မိှုမသေပါ။ သိပ်သုံးချင်လှျင် သူငယ်ပါးစပ်ထဲ သုတ်ပေးမည့်အစား ပြောသူပါးစပ်ထဲ အစက်ချပေးပါ။ ဒဏ်ကြေသည်။ အဓိပ္ပါယ်မရှိတဲ့စကားတေွ ပြောလှျင် တစ်ခါအစက်ချပေးရုံနှင့် ပျောက်သည်။
ကလေးလှျာထုတ်ခြင်း
- သူငယ်လှျာပါ၍ ထုတ်ခြင်းဖြစ်သည်။ ဝမ်းသာသင့်သည်။
- အချို့သူငယ်များတွင် မေွးရာပါချို့ယွင်းမှုနှင့် မျိုးရိုးဗီဇရောဂါစုများ ဖြစ်နေသောကြောင့် လှျာထုတ်တတ်သည်။ သို့သော် ထိုသူငယ်များတွင် ထူးခြားသည့်မျက်နှာသွင်ပြင်နှင့် အခြားလက္ခဏာများ ရှိသည်။ လှျာထုတ်ခြင်းတစ်ခုတည်းနှင့် သူငယ်မကောင်းဟု မပြောနိုင်။ အမှန်တကယ် ရောဂါရှိလှျင်လည်း အုပ်ဆေး၊ လှျာပွတ်ဆေးများက မည်သည့်အစွမ်းမှ မပြနိုင်။ သံသယရှိလှျင် သူငယ်ဆရာဝန်ပြပါ။
ကလေးလှျာဝါးခြင်း
- လှျာကြွက်သားလေးများ သန်မာအောင်၊ အစားဝါးလှျင် အပီအပြင်ဆွဲနိုင်အောင် လေ့ကျင့်ခြင်းဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
ကလေးသွားရည်ကျခြင်း
- သူငယ်အလွန်ငယ်စဉ်အချိန်တွင် ပုံမှန်ထွက်သော သွားရည်ကို အလျင်မီအောင် မမျိုချနိုင်သေး၍ သွားရည်ကျခြင်းဖြစ်သည်။ အထူးသဖြင့် သွားပေါက်ကာနီးလှျင် ပိုကျတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။ အထိရောက်ဆုံးနည်းမှာ သွားရည်ခံတပ်ပေးလိုက်ခြင်းဖြစ်သည်။
- သူငယ်အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျခြင်း မရပ်ပါက သူငယ်မကောင်းပါ။ ပါးစပ်နှင့် လည်ချောင်းကြွက်သားများ ပြဿနာတစ်ခုခုရှိခြင်း ဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။
- ရုတ်တရက် သွားရည်အကျများလာလှျင် သူငယ်တစ်ခုခုကို မျိုချမိ၍ လည်ပင်းတွင် တစ်နေခြင်း ဖြစ်နိုင်သည်။ အရေးပေါ်သူငယ်ဆရာဝန်ဆီ သွားပါ။
ကလေးအသားညှစ်ခြင်း၊ လည်ချောင်းသံပေးခြင်း
- အများအားဖြင့် ကလေးညှစ်နေခြင်း လည်ချောင်းသံပေးခြင်းသည် ဗိုက်ထဲတွင် လေရှိ၍ လုပ်ခြင်းဖြစ်သည်။ အပေါ်ကဖြစ်ဖြစ် အောက်ကဖြစ်ဖြစ် လေထွက်သွားလှျင် ရပ်သွားမည်။ ကလေးသက်တောင့်သက်သာ ရှိနေလှျင် စိတ်ပူစရာ မလိုပါ။ သူငယ်နာခြင်းမဟုတ်ပါ။ သူငယ်ကောင်းသည်။
အာရုံကြောအားနည်းခြင်း
- ဒါကမှ အစစ်အမှန် သူငယ်မကောင်းခြင်းဖြစ်ငည်။ မေွးရာပါ ဦးနေှာက်ပျက်စီးခဲ့၍ အာရုံကြောနှင့် ကြွက်သားများ အားမရှိသည့်ရောဂါကို Cerebral palsy (အတိုကောက် CP) ဟုခေါ်သည်။ ကုသ၍မပျောက်ပါ။ မြန်မာတိုင်းရင်းဆေးများ (စွမ်းသည်မှန်သော်လည်း) CP ကိုတော့ ဘာမှမတတ်နိုင်ပါ။ လေ့ကျင့်ခန်း (physiotherapy) စောစောနှင့် မှန်မှန်လုပ်ပေးပါက သူငယ်သက်သာမည်။ လေ့ကျင့်ခန်းမလုပ်ပါက ခြေဆစ်လက်ဆစ်ခါးရိုးဆစ်များ တောင့်ကုန်ပြီး သူငယ်လှုပ်မရဖြစ်သွားမည်။
- ဗီတာမင် ဘီဝမ်းချို့တဲ့လှျင်လည်း သူငယ်မကောင်းပါ။ ကြွက်သားများအားပျော့ပြီး ပျော့ခေွနေတတ်သည်။ ဘိလပ်စကားဖြင့် ဘယ်ရီဘယ်ရီဟုခေါ်သည်။ မိခင်အစားရေှာင်၍ အဖြစ်များသည်။ အစိုဘယ်ရီဘယ်ရီနှင့် အခြောက်ဘယ်ရီဘယ်ရီဟု၍ နှစ်မျိုးရှိသည်။ အစိုဘယ်ရီဘယ်ရီက နှလုံးကို ထိခိုက်စေသည်။ အချိန်မီ ဆေးမကုလှျင် ဘီဝမ်းမပေးလှျင် သူငယ်အသက်ဆုံးတတ်သည်။ သူငယ်ဆရာဝန်အမြန်ပြရမည်။
ကလေးသေးလောင်ခြင်း
- သူငယ်နာဟု အမည်တပ်ကြခြင်းများထဲတွင် ဘာကြောင့် သေးလောင်ခြင်းကို သူငယ်နာအမည်တပ်မှန်း နားမလည်။ ယခုခေတ် သေးခံ (diaper) များ အသုံးများ၍ ပုံမှန်ဂရုမစိုက်ပါက သူငယ်သေးလောင်တတ်သည်။ ပေါင်ခြံတွင် နီရဲခြင်း အသားလောင်ခြင်းများ ဖြစ်သည်။ အဆီတစ်မျိုးမျိုး၊ သေးလောင်လှျင် လိမ်းသော ခရမ်မ်တစ်မျိုးမျိုး လိမ်းပေးမှ ပျောက်မည်။ သေးလောင်သည်ကို ဂရုမစိုက်ပါက ပိုးဝင်တတ် မိှုစွဲတတ်သည်။ သူငယ်သိပ်မကောင်းပါ။ ဂရုစိုက်၍ ဆေးလိမ်းပါ။
သူငယ်နာတရား တထောက်နား။
Credit