
ပူပြင်းတဲ့ နေွရာသီရက်တေွမှာတော့ လက်ဖက်ရည် အေးအေးချိုချိုလေး သောက်လိုက်ရတာက ဘာနဲ့မှ မလဲနိိုင်တဲ့ နတ်စည်းစိမ်ပါ။ ဒါပေမယ့် ဒီနောက်မှာတော့ သတိပေးသံတေွလည်း တဖြည်းဖြည်း ကပ်ပါ လာနေတတ်ပါတယ်။ လွန်လွန်ကဲကဲ သောက်တတ်ရင်တော့ သကြားဓာတ်ပါဝင်မှုများတဲ့ အချိုဖျော်ရည်တိုင်းက လူကို ဒုက္ခပေးလာတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လီမွန်တီး သောက်ခြင်းဖြင့် ရရှိလာမယ့် ဆိုးကျိုးတေွက ဘာတေွလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ဆီးချိုရောဂါ
-----------------
ဟုတ်တာပေါ့။ ဆိုဒါပါတဲ့ အရည်တေွထက်စာရင် လက်ဖက်ရည်ကတော့ ပိုကောင်းတယ်လို့ ထင်ကြမှာပါ။ အချိုကဲစေတဲ့အရာတေွ၊ သကြားတေွ၊ ဆေးသကြားတေွကို များများ ထည့်သောက်ရင်တော့ ဆီးချိုသေွးချိုရောဂါက ဖြစ်လာနိုင်ပါတယ်။ သဘာဝပျားရည်ကို ထည့်သောက်ပေးတာသာလျှင် သင့်လျော်ပါတယ်။

၂။ ကျောက်ကပ်ကျောက်တည်ခြင်း
-------------------------------------
လက်ဖက်ရည်အေးကို များများစားစား သောက်သုံးတဲ့အခါ ထိခိုက်ခံစားရတဲ့အထဲကျောက်ကပ်လဲ ထိပ်ဆုံးက ပါဝင်ပါတယ်။ မနှစ်က CNN ရဲ့သတင်းမှာ လက်ဖက်ရည်အေးကို အလွန်အကျှံ သောက်ဖြစ်ရင်း ရုတ်တရက် ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ လူတစ်ယောက်ကို ကြုံခဲ့ရဖူးပါတယ်။

၃။ နှလုံးသေွးကြောကျဉ်းရောဂါ
------------------------------------------
ကဖင်းဓာတ်များတဲ့ လက်ဖက်ရည်ဆိုရင်လည်း နှလုံးသေွးကြောရောဂါတေွကို ဖြစ်စေတတ်ပါတယ်တဲ့။ သေွးတိုးတတ်တဲ့သူတေွ၊ နှလုံးခုန်မြန် ရင်တုန်တတ်တဲ့သူတေွကတော့ ပိုလို့တောင် ရေှာင်ကြဉ်သင့်ပါတယ်။

၄။ အဝလွန်ခြင်း
----------------------
အချို့ဖျော်ရည်တံဆိပ်တိုင်းမှာ ကယ်လိုရီဓာတ်က အနည်းဆုံးအနေနဲ့ ၂၅၀ အထိပါဝင်နေကျပါ။ ဆိုဒါတေွထက်တောင် ပိုပါသေးတယ်။ ဒီထဲကို သကြားဓာတ်နဲ့ အချိုထပ်ရောပြီး သောက်ဖြစ်ရင်တော့ ဝိတ်တက်လာမှာက ပြေးမလွတ်ပါဘူး။

၅။ လေသင်တုန်းဖြတ်ခြင်း
-----------------------------------
လေပါဖြတ်တဲ့အထိ အန္တရာယ်များလားလို့ မေးစရာ ရှိပါတယ်။ အဓိကကတော့ သကြားဓာတ် ပါဝင်နှုန်းပါ။ ဒါကနေ တစ်ဆင့် ဆိုးရွားလာရင်တော့ လေသင်တုန်းလည်းဖြတ်နို်င်ချေ ရှိပါတယ်။
#Ref( Good Health news - လီမွန်တီးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)