
ကျှန်တော်တို့မိသားစု ငယ်ငယ်ထဲက လက်စွဲသုံးခဲ့တဲ့ ဆေးနည်းကောင်း တစ်လက်ပါ။ ကိုယ်တိုင်လည်း ဖြစ်ခဲ့ပြီး သောက်ခဲ့ဖူးပါတယ်။ ကျှန်တော် ဖြစ်တုန်းက ပထမ ဝမ်းချည်းသွားတာပါ။ ၃ ခါသွားပြီးတော့ အိမ်သာကနေ ပြန်ထမလာနိုင်တော့ပါဘူး။ တွဲထုတ် လာရပါတယ်။ နောက်တစ်ကြိမ်ထပ်သွားရင် အသက်တောင်ပါတော့မလား မှတ်ပါတယ်။ ကျှန်တော်အမေက ဝမ်းလျောတာ ထင်လို့ နနွင်းမှုန့်ဖျော်ပြီး တိုက်ဖို့လုပ်တုန်းမှာဘဲ စပြီး အန်ပါတယ်။ ဒီတော့မှ အထက်လှန်အောက်လျော ဖြစ်တာမှန်း သိပြီး ဒီဆေးနည်းကို လုပ်တိုက်တာပါ။ ဆေးတစ်ခွက် ဝင်ပြီးတာနဲ့ ဝမ်သွားတာရော အန်တာပါ လုံးဝ ရပ်သွားတာပါ။ ဝမ်းသွားထားတဲ့အတွက် အားနည်းသွားတာပဲ ကျန်ပါတယ်။ တကယ့်ကို လက်တေွ့ အစွမ်းထက်လှတဲ့ ဆေးနည်းကောင်းလေးပါဘဲ။ ဆေးနည်းကလည်း လွယ်ကူတာမို့ မခက်ခဲဘဲ လုပ်နိုင်ပါတယ်။ ကဲ ဒါဆို အိမ်မှာ အထက်လှန်အောက်လျော တစ်ယောက်ယောက် ဖြစ်လို့ကတော့ စိတ်မပူပါနဲ့ ဒီလိုလေး လုပ်ပြီးသာ တိုက်လိုက်ပါ။

ပါဝင်သောပစ္စည်းများ
--------------------------
ရဲယိုသီး၄လုံး (သို့မဟုတ်) ၅လုံး
ရေအနည်းငယ်

ပြုလုပ်နည်း
---------------
အရင်ဦးဆုံး ရဲယိုသီး ၄လုံး(သို့မဟုတ်) ၅လုံး ကို ထောင်းပြီး ရေနည်းနည်းစွပ်၍ အရည်ညှစ်ယူပါ။ ပြီးရင် ရလာတဲ့ အရည် အကြမ်းပုဂံ တစ်လုံးစာလောက်ကို တစ်ခါထဲ ဝင်အောင် တိုက်ပေးလိုက်ပါ။ ဒါဆို ဆေးဝင်သွားတာနဲ့ မကြာခင် တဖြည်းဖြည်း သိသာလာပါလိမ့်မယ်။ ရဲယိုသီးအနုဆို ပိုအစွမ်းထက်ပါတယ်။ အနုမရမှသာ အရင့်သုံးပါ။ ဒီပြုလုပ်နည်းဟာ မိသားစုသုံး လက်တေွ့ဆေးနည်းမို့ ယုံကြည်စွာ သုံးစွဲနိုင်ပါတယ်။ မိမိတို့ခြံထဲမှာ ရဲယိုပင် စိုက်ထားခြင်းဖြင့် များစွာ အသုံးဝင်ပါတယ်။ ဆေးအဖြစ် သုံးနိုင်သလို စားလို့လဲ ရတာကြောင့် လူတိုင်း စိုက်ထားသင့်ပါကြောင်း အခုလိုပဲ တင်ပြလိုက်ရပါတယ်။
#Ref( ဦးရဲမြင့်(မကေွး)- အထက်လှန်အောက်လျောနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)