Kyarlay.com

almost 2 years

ကိုယ္၀န္ေဆာင္မိခင္မ်ား ေမြးဖြားရာတြင္ လိုအပ္မည့္ သန္႕စင္ျခင္း (၆) မ်ဳိး


Tnat48hzq4fd7ql3yxp1

က်ားေလးကို အၿမဲတမ္းဖတ္ရႈအားေပးေနၾကတဲ့ ကိုယ္၀န္ေဆာင္ေမေမတို႕ေရ ေမေမတို႕ရဲ႕ ရင္ေသြးငယ္ေလးေတြကို ေမြးဖြားခ်ိန္မွာ လိုအပ္မယ့္ သန္႕စင္ျခင္း (၆) မ်ဳိးကို ေဖာ္ျပေပးခ်င္ပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနက လမ္းညႊန္ထုတ္ျပန္ထားတဲ့ ဒီအခ်က္ေလးေတြကို ကိုယ္၀န္ေဆာင္ေမေမေတြအားလံုးအတြက္ က်ားေလးက မွ်ေ၀ေပးခ်င္ပါတယ္ေနာ္။

 


Jlfhf4pozcrqhwktwmnk

ေမေမတို႕ေရ သန္႕ျခင္း (၆) မ်ဳိးကေတာ့ ...
(၁) သန္႕စင္ေသာမ်က္ႏွာျပင္ (ကိုယ္၀န္ေဆာင္အမ်ဳိးသမီး ေမြးဖြားမယ့္ေနရာ ဥပမာ-ကုတင္၊ ၾကမ္းျပင္စသည္မ်ား)
(၂) ေမြးဖြားေပးမည့္သူ၏ သန္႕စင္ေသာလက္မ်ားႏွင့္ ပိုးသတ္ၿပီး လက္အိတ္မ်ား
(၃) ခ်က္ႀကိဳးျဖတ္ရန္အတြက္ သန္႕စင္ေသာ ဘလိတ္ဓား / ကတ္ေၾကး (Sterillize ျပဳတ္ၿပီး)
(၄) သန္႕စင္ေသာ ပိုးမႊားကင္းစင္ၿပီး ခ်က္ႀကိဳးခ်ည္ထားသည့္ႀကိဳး (Sterillize ျပဳတ္ၿပီး) သို႕မဟုတ္ (ပိုးသတ္ၿပီး ခ်က္ညွပ္ကလစ္)
(၅) ကေလးငယ္အားထုပ္ပိုးရန္ သန္႕စင္ေသာအႏွီးပိတ္ႏွင့္ ၀တ္ရန္အ၀တ္မ်ား၊ ဦးထုပ္၊ ေျခအိတ္
(၆) မိခင္အတြက္ သန္႕စင္ေသာ အ၀တ္အစားမ်ား
ေမေမတို႕ေရ ဒီပစၥည္းေလးေတြကေတာ့ ေဆးရံုေတြမွာေမြးဖြားရင္ေတာ့ ဆရာ၀န္ေတြက လမ္းညႊန္ေပးသြားမွာပါ။ ဒါေပမယ့္လည္း ဗဟုသုတအေနနဲ႕ ေဖေဖ၊ ေမေမေတြအားလံုးသိရွိႏိုင္ေစဖို႕အတြက္ မွ်ေ၀ေပးလိုက္တာပါေနာ္ ..

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Gj9uurwfx2frahpp5cbd

ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားရာတွင် လိုအပ်မည့် သန့်စင်ခြင်း (၆) မျိုး

ကျားလေးကို အမြဲတမ်းဖတ်ရှုအားပေးနေကြတဲ့ ကိုယ်ဝန်ဆောင်မေမေတို့ရေ မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကို မွေးဖွားချိန်မှာ လိုအပ်မယ့် သန့်စင်ခြင်း (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထုတ်ပြန်ထားတဲ့ ဒီအချက်လေးတွေကို ကိုယ်ဝန်ဆောင်မေမေတွေအားလုံးအတွက် ကျားလေးက မျှဝေပေးချင်ပါတယ်နော်။

မေမေတို့ရေ သန့်ခြင်း (၆) မျိုးကတော့ ...
(၁) သန့်စင်သောမျက်နှာပြင် (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမယ့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင်စသည်များ)
(၂) မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ
(၃) ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား / ကတ်ကြေး (Sterillize ပြုတ်ပြီး)
(၄) သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်ထားသည့်ကြိုး (Sterillize ပြုတ်ပြီး) သို့မဟုတ် (ပိုးသတ်ပြီး ချက်ညှပ်ကလစ်)
(၅) ကလေးငယ်အားထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ ခြေအိတ်
(၆) မိခင်အတွက် သန့်စင်သော အဝတ်အစားများ
မေမေတို့ရေ ဒီပစ္စည်းလေးတွေကတော့ ဆေးရုံတွေမှာမွေးဖွားရင်တော့ ဆရာဝန်တွေက လမ်းညွှန်ပေးသွားမှာပါ။ ဒါပေမယ့်လည်း ဗဟုသုတအနေနဲ့ ဖေဖေ၊ မေမေတွေအားလုံးသိရှိနိုင်စေဖို့အတွက် မျှဝေပေးလိုက်တာပါနော် ..

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)