
Indian Gooseberry လို့ ခေါ်ကြတဲ့ ဆီးဖြူသီးဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ အသီးတစ်မျိုးပါ။ ချဉ်တင်တင်၊ ဖန်တန်တန် အရသာရှိပြီး ဆီးဖြူသီးစားပြီးရင် ရေလေးတစ်ခွက်သောက်လိုက်ရင် ပါးစပ်ထဲမှာ ချိုပြီးတော့ ကျန်နေခဲ့တယ်လို့ လူသိများကြပါတယ်။ တကယ်တော့ ဆီးဖြူသီးဟာ ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တေွ အများကြီး ပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးဖြူသီးကို သုတ်စား၊ ထောင်းစားကြသလို သွားရည်စာအဖြစ်လည်း စားသုံးကြပါတယ်။ ဒါအပြင် ဆီးဖြူသီးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆီးဖြူသီးကို စားသုံးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတေွ ရနိုင်သလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျန်းမာရေးကို ကောင်းမွန်စေတယ်
---------------------------------------------------
ဆီးဖြူသီးကို ပုံမှန် စားပေးမယ်ဆိုရင် ဝိတ်ကျ စေနိုင်ပါတယ်။ ဒါအပြင် ဝမ်းချုပ်ရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ လည်ချောင်းထဲက ချှဲသလိပ်တေွကို ရှင်းလင်းပေးနိုင်သလို လည်ချောင်းနာ ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အပူငြိမ်းစေတဲ့အတွက် သေွးသားကိုလည်း သန့်စင်စေနိုင်ပါတယ်။

၂။ အသားအရေ ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိတယ်
-------------------------------------------------------------------
ဆီးဖြူသီး စားပေးခြင်းက သေွးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်ယံအလွှာက အရေပြားဆဲလ်သေတေွကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းတေွကို ဖယ်ရှားပြီးရင် သန့်စင်တဲ့ ဆဲလ်သစ်တေွကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တေွဟာ အရေပြားနေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူဝင်းလာစေနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ ကောင်းကျိုး နောက်တစ်ခုကတော့ အရေပြား အိုမင်းရင့်ရော်ခြင်းကို နေှးကေွးစေနိုင်တာပါပဲ။ ဒါအပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံအပေါက်များတဲ့ သူတေွဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင်လာစေနိုင်မှာပါ။

၃။ ကိုယ်ခံအားလည်း ကောင်းမွန်စေတယ်
-------------------------------------------------
ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတေွနဲ့ ဗိုင်းရပ်စ်ပိုးမွှားတေွကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် ဆီးဖြူသီးက ကူညီပေးနိုင်ပါတယ်။ ဒါအပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီးတော့ ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတေွကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တေွနဲ့လည်း တည့်ပါတယ်။

၄။ ဆံသားကိုလည်း လှပစေတယ်
---------------------------------------
ပိုးသားလေးလို လှပချောမေွ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတေွ အများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတေွကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီးတော့ ဆံသားလေးတေွပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတေွကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါအပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တေွရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတေွကို တဖြည်းဖြည်းနဲ့ ပြန်လည်မဲနက်လာစေမှာပါ။
#Ref( Good Health news - ဆီးဖြူသီးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)