Kyarlay.com

almost 2 years

ကိုယ္၀န္ေဆာင္မိခင္မ်ား လိုက္နာရန္လိုအပ္သည့္အခ်က္မ်ား


H1moqezfakxddwhmbooy

မိခင္ေလာင္းေတြအေနနဲ႕ ကိုယ္၀န္ရွိတယ္လို႕ သံသယရွိၿပီဆိုတာနဲ႕ နီးစပ္ရာေဆးရံု၊ ေဆးခန္း၊ က်န္းမာေရးဌာနေတြကို သြားေရာက္ျပသၿပီး ကိုယ္၀န္အပ္သင့္ပါတယ္။ ကိုယ္၀န္ေဆာင္ေစာင့္ေရွာက္မႈေတြကို ကၽြမ္းက်င္သူက်န္းမာေရး၀န္ထမ္းေတြထံမွာ အနည္းဆံုး (၄) ႀကိမ္ ခံယူသင့္ပါတယ္။
- ပထမအႀကိမ္ကိုေတာ့ ကိုယ္၀န္ (၄) လအတြင္း ေစာႏိုင္သမွ်ေစာေစာ ျပသေပးဖို႕လိုအပ္ပါတယ္။
- ဒုတိယအႀကိမ္ကေတာ့ ကိုယ္၀န္ (၆) လမွ (၇) လအတြင္း ျပသေပးဖို႕လိုပါတယ္။
- တတိယအႀကိမ္ကိုေတာ့ ကိုယ္၀န္ (၈) လအတြင္း ျပသေပးရမွာပါ။
- စတုတၳအႀကိမ္ကေတာ့ ကိုယ္၀န္ (၉) လအတြင္း ျပသေပးရမွာျဖစ္ပါတယ္။
ေနာက္ၿပီး ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႕ အစားေရွာင္ဖို႕မလုိဘဲ အာဟာရျပည့္၀ေအာင္စားသံုးသင့္ပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ အစားပိုစားသင့္ပါတယ္ေနာ္။

 


X0z3e3mwiomikfhsatsc

ကိုယ္၀န္ေဆာင္ေမေမတို႕ေရ ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း မေမ့ေလ်ာ့သင့္တာကေတာ့ ေမးခိုင္ကာကြယ္ေဆး ႏွစ္ႀကိမ္ ထိုးေပးဖို႕ပါပဲ။ ေဆး၀ါးေတြကိုေတာ့ တတ္ကၽြမ္းတဲ့ ဆရာ၀န္၊ ဆရာမေတြရဲ႕ လမ္းညႊန္ခ်က္နဲ႕မဟုတ္ရင္ မေသာက္သင့္ပါဘူး။ ေန႕စဥ္သင့္ေတာ္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြကို အၿမဲတမ္းျပဳလုပ္ေပးသင့္ပါတယ္။ အိပ္ေရး၀ေအာင္အိပ္ၿပီး ေန႕လည္ပိုင္းေတြမွာလည္း အနားယူသင့္ပါတယ္။ အေလးအပင္ေတြမရတဲ့အလုပ္ေတြကိုလည္း ေရွာင္သင့္ပါတယ္ေနာ္။ သံဓာတ္ေဖာလိတ္အက္ဆစ္ ကိုယ္၀န္ေဆာင္အားေဆးကို ေစာႏိုင္သမွ်ေစာေစာေသာက္ေပးၿပီး ကိုယ္၀န္ ၇ လေက်ာ္သြားရင္ေတာ့ မနက္တစ္လံုး ညတစ္လံုးအထိ ေသာက္ေပးဖို႕လိုအပ္ပါတယ္ေနာ္။ သန္႕ရွင္းေပါ့ပါးၿပီး ေခ်ာင္ခ်ိတဲ့ ရာသီဥတုနဲ႕ကိုက္ညီတဲ့အ၀တ္အစားေတြကို ကိုယ္၀န္ေဆာင္မိခင္ေတြ ၀တ္ဆင္ေပးသင့္ပါတယ္။


O8dw4jsnvu5tximy5hyk

ေဆးလိပ္၊ အရက္၊ ကြမ္းေတြေရွာင္ရွားသင့္ၿပီး ေဆးလိပ္မီးခိုးေငြ႕၊ ညစ္ညမ္းတဲ့ ေလထုရွိတဲ့ေနရာေတြကိုလည္း ေရွာင္ရွားဖို႕လိုအပ္ပါတယ္။ ငွက္ဖ်ားနဲ႕ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ႏိုင္ဖို႕အတြက္ အိပ္စက္ခ်ိန္ေတြတိုင္းမွာ ေဆးစိမ္ျခင္ေထာင္နဲ႕ အိပ္စက္သင့္ပါတယ္။ ကိုယ္၀န္ေဆာင္ေတြေနထိုင္မေကာင္းျဖစ္တဲ့အခါ နီးစပ္ရာေဆးရံု၊ က်န္းမာေရးဌာနေတြကို အျမန္ဆံုးသြားေရာက္ျပသၿပီး ေဆးကုသမႈခံယူသင့္ပါတယ္။ ေနာက္ၿပီး ေမြးဖြားဖို႕ကိုလည္း ႀကိဳတင္ၿပီးအစီအစဥ္ေရးဆြဲထားသင့္သလို တစ္ခါသံုးေမြးဖြားအိပ္ငယ္ေတြကို အသံုးျပဳသင့္ပါတယ္ေနာ္။
** မိခင္ေလာင္းေတြအတြက္ လိုအပ္တဲ့ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေလးေတြကို က်နး္မာေရး၀န္ႀကီးဌာနရဲ႕ လမ္းညႊန္ထုတ္ျပန္ခ်က္အရ က်ားေလးက မွ်ေ၀ေပးလိုက္တာပါေနာ္ **

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Arqamrpyyuxnc4leo4wu

ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာရန်လိုအပ်သည့်အချက်များ

မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေကို သွားရောက်ပြသပြီး ကိုယ်ဝန်အပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းတွေထံမှာ အနည်းဆုံး (၄) ကြိမ် ခံယူသင့်ပါတယ်။
- ပထမအကြိမ်ကိုတော့ ကိုယ်ဝန် (၄) လအတွင်း စောနိုင်သမျှစောစော ပြသပေးဖို့လိုအပ်ပါတယ်။
- ဒုတိယအကြိမ်ကတော့ ကိုယ်ဝန် (၆) လမှ (၇) လအတွင်း ပြသပေးဖို့လိုပါတယ်။
- တတိယအကြိမ်ကိုတော့ ကိုယ်ဝန် (၈) လအတွင်း ပြသပေးရမှာပါ။
- စတုတ္ထအကြိမ်ကတော့ ကိုယ်ဝန် (၉) လအတွင်း ပြသပေးရမှာဖြစ်ပါတယ်။
နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အစားရှောင်ဖို့မလိုဘဲ အာဟာရပြည့်ဝအောင်စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားပိုစားသင့်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်အတွင်း မမေ့လျော့သင့်တာကတော့ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးဖို့ပါပဲ။ ဆေးဝါးတွေကိုတော့ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေရဲ့ လမ်းညွှန်ချက်နဲ့မဟုတ်ရင် မသောက်သင့်ပါဘူး။ နေ့စဉ်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲတမ်းပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး နေ့လည်ပိုင်းတွေမှာလည်း အနားယူသင့်ပါတယ်။ အလေးအပင်တွေမရတဲ့အလုပ်တွေကိုလည်း ရှောင်သင့်ပါတယ်နော်။ သံဓာတ်ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေးကို စောနိုင်သမျှစောစောသောက်ပေးပြီး ကိုယ်ဝန် ၇ လကျော်သွားရင်တော့ မနက်တစ်လုံး ညတစ်လုံးအထိ သောက်ပေးဖို့လိုအပ်ပါတယ်နော်။ သန့်ရှင်းပေါ့ပါးပြီး ချောင်ချိတဲ့ ရာသီဥတုနဲ့ကိုက်ညီတဲ့အဝတ်အစားတွေကို ကိုယ်ဝန်ဆောင်မိခင်တွေ ဝတ်ဆင်ပေးသင့်ပါတယ်။

ဆေးလိပ်၊ အရက်၊ ကွမ်းတွေရှောင်ရှားသင့်ပြီး ဆေးလိပ်မီးခိုးငွေ့၊ ညစ်ညမ်းတဲ့ လေထုရှိတဲ့နေရာတွေကိုလည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ဖို့အတွက် အိပ်စက်ချိန်တွေတိုင်းမှာ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနေထိုင်မကောင်းဖြစ်တဲ့အခါ နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသွားရောက်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ နောက်ပြီး မွေးဖွားဖို့ကိုလည်း ကြိုတင်ပြီးအစီအစဉ်ရေးဆွဲထားသင့်သလို တစ်ခါသုံးမွေးဖွားအိပ်ငယ်တွေကို အသုံးပြုသင့်ပါတယ်နော်။
** မိခင်လောင်းတွေအတွက် လိုအပ်တဲ့ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ထုတ်ပြန်ချက်အရ ကျားလေးက မျှဝေပေးလိုက်တာပါနော် **

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)