
ဗိုက်ခေါက်ကြီးထူပြီးတော့ ဗိုက်ပူနေခြင်းဟာ အမျိုးသားတေွရော အမျိုးသမီးတေွမှာပါ မလိုလားအပ်တဲ့ အရာပါ။ တစ်ချို့ဆိုရင် အစားလည်း များများမစားဘဲနဲ့ ဗိုက်ခေါက်တေွ ထွက်နေကြတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဗိုက်ခေါက်ထူနေရခြင်းရဲ့ အကြောင်းအရင်းတေွထဲက ( ၆ )ခုကို အခုလိုပဲ ရေးသားလိုက်ပါတယ်။ တကယ်လို့ ပြုပြင်လို့ရမယ်ဆိုရင် အချိန်မီပြုပြင်ပြီးတော့ ထွက်နေတဲ့ဗိုက်ကို တားဆီးနိုင်ပါလိမ့်မယ်။

၁။ ချိုလွန်းတဲ့ အစားအစာတေွ
-------------------------------------
သကြားနဲ့ အချိုဓာတ်ကဲတဲ့ အစားအစာတေွက သင့်ရဲ့ဗိုက်ခေါက်ထူနေရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။

၂။ သေွးဆုံးခြင်း
-------------------------
အမျိုးသမီးတေွမှာ သေွးဆုံးချိန်ရောက်လာရင်လည်း အလိုလိုနေရင်းနဲ့ ဗိုက်ခေါက် ထူလာတတ်ပါတယ်။ အမျိုးသမီးတေွဟာ အသက် ၄၅ နှစ်မှ ၅၅ နှစ် ဝန်းကျင်မှာ ဓမ္မတာစီးဆင်းမှု ရပ်ဆိုင်းပြီးတော့ သေွးဆုံးလေ့ရှိပါတယ်။

၃။ ဆီ
-------
ဆီများတဲ့ အစားအစာတေွနဲ့ ဆီကြော်မုန့်တေွကလည်း ဗိုက်မှာအဆီတေွ စုနေစေပါတယ်။ အထူးသဖြင့် အာလူးကြော်ကတော့ ဗိုက်ခေါက်ထူစေတဲ့ အဓိက အစားအစာတစ်မျိုးပါပဲ။

၄။ မျိုးရိုးလိုက်ခြင်း
------------------------
မျိုးရိုးအစဉ်အဆက်အရ ဗိုက်ခေါက်ထူကြတယ်ဆိုရင်တော့ သင့်ဗိုက်ခေါက်ကလည်း ထူလာဖို့ များပါတယ်။

၅။ ဘီယာ
------------
ဘီယာကြိုက်မှတော့ ဘီယာဗိုက်တေွ ဖြစ်ကုန်ပြီပေါ့။

၆။ အထိုင်များခြင်း
----------------------
ထမင်းစားပြီးပြီးချင်း ထိုင်နေရတာတေွနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတေွကလည်း ဗိုက်ခေါက်ထူဖို့အတွက် ဖြစ်လာစေပါတယ်။
#Ref( Health Digest news - ဗိုက်ခေါက်ထူခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)