နို့စို့ကလေးကို အသက် ၆ လပြည့်ပြီးတဲ့နောက် ဖြည့်စွက်စာကျေွးရာမှာ ထမင်းနဲ့အတူ အစာအုပ်စုသုံးစုမှ အစာများ (သား၊ ငါး၊ သီးနှံ၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံ၊ ဟငး်သီးဟင်းရွက်စည်) စုံလင်အောင် ပါဝင်ဖို့အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အစာအသစ်တစ်မျိုးထည့်သွင်းကျေွးမေွးရာမှာ အချိန်ယူဖို့လိုပါတယ်။ နေ့စဉ်အစာအသစ် တစ်မျိုးပြီးတစ်မျိုး ထည့်သွငး်ပြီးဖြစ်စေ၊ ပြောင်းလဲပြီးဖြစ်စေ ကျေွးရင် ကလေးဟာ လက်မခံတတ်ပါဘူး။ အစာတစ်မျိုးကို ရက်အနည်းငယ်ကျေွးနေပြီး၊ ကလေးအနေနဲ့ ယင်းအစာနဲ့ ယဉ်ပါးသွားမှသာ နောက်တစ်မျိုးကို ထပ်မံဖြည့်စွက်ကျေွးသင့်ပါတယ်။
Ref: ဒေါက်တာလှကြည်ရဲ့ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။