စျေး မီဒီယာ
အခြား

ဆံပင်ကို သိသိသာသာ ကျန်းမာသန်စွမ်းစေတဲ့ ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်နည်း

Posted by Zaw Lin Aung May 14, 2020
Iqra9xszwqqqjzaqnral

အလှအပရေးရာအတွက် အသုံးတည့်တဲ့ မီးဖိုချောင်သုံးအရာတေွအများကြီးထဲကမှ ဆံပင်ကျန်းမာသန်စွမ်းစေဖို့အတွက် ကြက်သွန်နီရဲ့ အံ့မခန်းအစွမ်းများကို ဖော်ပြပေးချင်ပါတယ်။ ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်တာဟာ ဆံသားကို နှစ်ခွှဖစ်ခြင်း၊ ဆံပင်ကျှတ်ခြင်းကို သက်သာစေတဲ့အပြင် ဆံပင်ပါးသူများနဲ့ နဖူးပြောင်၊ ထိပ်ပြောင်သူတေွအတွက်လည်း ဆံပင်သန်စေတဲ့ သဘာဝ နည်းလမ်း ကောင်းလေးပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကြက်သွန်နီကို အသုံးပြုပြီး ဆံပင်ပေါင်းတင်တဲ့ နည်းလမ်းလေးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Abci0ydcxfmhlnpo647b

၁။ ကြက်သွန်နီအနှစ်ရည်
----------------------

ဆံပင်အရှည်ကို နှစ်သက်မြတ်နိုးတဲ့သူတေွအနေနဲ့ အချိန်ခဏလေးအတွင်း ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ ကြက်သွန်နီ ကြိတ်ထားတဲ့ အရည်ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ဦးရေပြားတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ ပြီးရင်တော့ ၁၅ မိနစ်လောက်ထားပြီး ခေါင်းလေှျာ်လိုက်ရုံပါပဲ။

Njufruvkxff1gsbi33ot

၂။ ကြက်သွန်နီအရည်နှင့် အုန်းဆီ
-----------------------------------

ကြက်သွန်နီအရည်နဲ့ အုန်းဆီကို ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားတေွပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ ဒါဆို အုန်းဆီနဲ့ ကြက်သွန်နီက ဆံသားကျန်းမာစေဖို့အတွက် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ သင်က ဗောက်ထတယ်ဆိုရင်တော့ tea tree oil အနည်းငယ် ရောစပ်နိုင်ပါတယ်။ ပြီးရင်တော့ နာရီဝက်လောက်ထားပြီး ခေါင်းလေှျာ်လိုက်ပါ။

Iruuedvrmhc8zqztfvry

၃။ သံလွင်ဆီနှင့် ကြက်သွန်နီအရည်
----------------------------------

တကယ်လို့ အုန်းဆီနဲ့ မလုပ်ချင်ဘူးဆိုရင်တောင် သံလွင်ဆီကိုတော့ အသုံးပြုနိုင်ပါသေးတယ်။ သံလွင်ဆီ ၃ဆနဲ့ ကြက်သွန်နီအရည် တစ်ဆကို ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားများအနှံ့ သုတ်လိမ်းပေးပါ။ ပြီးရင် ၂နာရီလောက် ဦးရေပြားထဲ စိမ့်ဝင်သွားအောင် ထားပြီးမှ ခေါင်းလေှျာ်လိုက်ပါ။

Jqzc40x9nzxxilituzii

၄။ ကြက်ဆူဆီနှင့် ကြက်သွန်နီအရည်
------------------------------------

ကြက်ဆူဆီကလည်း ဆံသားများ ကျန်းမာသန်စွမ်းစေဖို့အတွက် အားဖြည့်ပေးနိုင်တဲ့ အရာတစ်ခုပါပဲ။ ကြက်ဆူဆီ နဲ့ ကြက်သွန်နီအရည်ကို ဆတူရောစပ်ပြီးတော့ ဦးရေပြားနဲ့ ဆံသားတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ တစ်နာရီအကြာမှာ ရေအေးအေးနဲ့ ခေါင်းလေှျာ်လိုက်ရုံပါပဲ။

M9lzgh3dhscx930gx4qm

၅။ ကြက်ဥနှင့် ကြက်သွန်နီအရည်
----------------------------------

ကြက်ဥက ဆံပင်ကျွတ်တာကို သက်သာစေတဲ့အပြင် ဆံသားနက်မေှာင်လှပစေဖို့ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥတစ်လုံးနဲ့ ကြက်သွန်နီအနှစ်ရည် စားပွဲတင်ဇွန်းတစ်ဇွန်း အချိန်အဆအတိုင်း ကိုယ်လိုသလောက် ချင့်ချိန်ထည့်ပါ။ ပြီးရင်တော့ ရရှိလာတဲ့ အရောအနေှာကို လာဗင်ဒါပန်း အဆီ အနည်းငယ်ရောစပ်ပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ shower cap နဲ့ မိနစ် ၂ဝ ၊နာရီဝက်လောက် အုပ်ထားပြီးမှသာ ခေါင်းလေှျာ်လိုက်ပါ။

Elguzldyjtzrqobflpo2

၆။ ဂျင်းအနှစ်ရည်နှင့် ကြက်သွန်နီအနှစ်ရည်
------------------------------------------

ဂျင်းနဲ့ ကြက်သွန်နီပေါင်းစပ်မှုကြောင့် ဦးရေပြားတစ်ဝိုက် သေွးလည်ပတ်မှု ကောင်းမွန်စေပြီးတော့ ဆံသား ကျန်းမာသန်စွမ်းစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဂျင်းကိုကြိတ်ပြီး ရရှိလာတဲ့ အရည်နဲ့ ကြက်သွန်နီကို ကြိတ်ပြီး ရရှိလာတဲ့ အနှစ်ရည်ကို ပေါင်းစပ်လိုက်ပါ။ ပြီးရင််တော့ ဦးရေပြားပေါ် စက်ဝိုင်းခြမ်းပုံစံ ပွတ်လိမ်းပေးပါ။ ခနနေ ၂မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပြီး တစ်နာရီလောက် နှပ်ထားပါ။ ပြီးရင်တော့ ခေါင်းလေှျာ်လိုက်ရုံပါပဲ။
အထက်ပါ ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတေွကို ပြုလုပ်ပြီးလို့ ဆံသားမှာ တကယ်လို့ ကြက်သွန်နီအနံ့စွဲနေတယ်ဆိုရင် အလျင်မြန်ဆုံးပျောက်သွားစေနိုင်တဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ အရင်ဦးဆုံး ခေါင်းလေှျာ်မယ့် ရေထဲကို ပန်းသီးရှာလကာရည်နှစ်ဇွန်းလောက်ထည့်ပြီး ခေါင်းလေှျာ်ရည်အပျော့စားလေးနဲ့ လေှျာ်ပေးမယ်ဆိုရင် ကြက်သွန်နီအနံ့ သိသိသာသာ ပျောက်သွားပါလိမ့်မယ်။
#Ref( Good Health news - ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.