ကျောင်းသားကျောင်းသူအရွယ် ကလေးကြီးများလည်း ရံခါခြောက်လှန့်ခြင်းခံရသည်ပင်။ ဒေဝေါဖြင့်တော့ မဟုတ်ပါပေ။ ငယ်စဉ်က ခြောက်လှန့်ခြင်းခံရသော အကျိုးဆက်ကြောင့် ကြောက်တတ်သည်လည်း ရှိတတ်ပေသည်။ သို့ရာတွင် ဒေဝေါတို့ အရူးတို့သည် ယခုအသက်အရွယ်တွင် အတိတ်ကာလဖြစ်သွားပြီး ပုံပြင်သဖွယ်ဖြစ်သွားလေပြီ။
ယေဘုယျအားဖြင့် အခန်းတွင်း၌ တစ်ယောက်တည်းမနေရခြင်း၊ အမေှာင်ကိုကြောက်ခြင်း၊ သန့်စင်ခန်းသို့ တစ်ယောက်တည်းမသွားရဲခြင်း စသည်တို့သည်၊ ပုံမှန်ဘောင်အတွင်း ကြောက်လန့်ခြင်းသာဖြစ်သည်။ ထိုထက်လွန်ကဲ၍ ကြောက်လန့်လျှင်မူ အခြေခံကြောက်လန့်မှု တစ်ခုခုရှိနေပြီလော စောင့်ကြည့်သင့်ပါသည်။
Kyarlay