အူအတက်ရောင်ပြီဆိုရင် အစားအသောက်ပျက်တယ် ဝမ်းလေးနည်းနည်း ပျက်သလို ဖြစ်တတ်တယ်။ ချက်နားက ရစ်ရစ်ပြီး နာတတ်တယ်။ အဲဒါတေွအားလုံးက ဗိုက်ကြီးသည်တေွမှာလည်း ဖြစ်တာပဲ။ Early Pregnancy မှာလည်း ဖြစ်တာပဲ။ ပြီးတော့ ညာဘက်နားကလည်း နာတတ်တယ်ဆိုရင် အားလုံးကလည်း ဖြစ်တတ်တဲ့အတွက်ကြောင့် အူအတက်ရောင်တယ်လို့ ထင်တယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ရောဂါအရင်းအမြစ်ကို ရအောင်ယူဖို့ လိုပါလိမ့်မယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း