
ဦးရေပြားယားယံခြင်းနဲ့အတူ အဖြူရောင်ဗောက်ဖတ်တေွကြောင့်ပဲ တော်တော်များများက ဦးရေပြားမိှုရောဂါဖြစ်နေပြီဆိုတာကို သိကြတာပါ။ တကယ်တော့ ဦးရေပြားမှုိရောဂါနဲ့ ဗောက်ထခြင်းရဲ့ လက္ခဏာရပ်တေွက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဦးရေပြားယားယံရုံနဲ့ မိှုရောဂါစွဲနေပြီလို့ ပြောလို့မရသလို၊ ဗောက်တေွမရှိဘူး ဆိုပြီးလည်း ဦးရေပြားမိှုရောဂါ လုံးဝမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ဦးရေပြားမိှုရောဂါဖြစ်ရခြင်းနဲ့ ဗောက်ထရခြင်းရဲ့ အကြောင်းအရင်းများကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးခြင်း၊ ဖုန်မှုန့်၊ ချေွးနှင့် ဦးရေပြားအဆီများ ရောထေွးသွားပြီး ဦးရေပြားမိှုရောဂါ စွဲခြင်းနဲ့ ဦးရေပြား ခြောက်သေွ့ ယားယံမှုကတစ်ဆင့် ဗောက်များဖြစ်ပေါ်လာခြင်း၊ ကိုယ့်ရဲ့ ဦးရေပြားနဲ့ ဓာတ်မတည့်တဲ့ ခေါင်းလေှျာ်ရည်ကို အသုံးပြု မိနေခြင်းကြောင့် စတဲ့ အချက်တေွနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သင့်အနေနဲ့ အခုဖော်ပြပေးမယ့် အချက်တေွအတိုင်း ဖြစ်နေတယ်ဆိုရင်တော့ သင့်ဆီမှာ ဦးရေပြား မိှုရောဂါနဲ့ မမြင်နိုင်တဲ့ ဗောက်ထခြင်းမျိုး ဖြစ်နေတယ်ဆိုတာကို ကောင်းကောင်း သတိပြုသင့်ပါတယ်။

၁။ ဦးရေပြားယားယံခြင်း
--------------------------------
ဒါကတော့ သိသာထင်ရှားတဲ့ လက္ခဏာရပ်ပါပဲ။ အထူးသဖြင့် ဆောင်းရာသီမှာ ဦးရေပြား ခြောက်သေွ့မှုကြောင့် ဗောက်များကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ရာသီဥတုကြောင့် ဖြစ်တဲ့ ဗောက်ပြဿနာကတော့ စိုးရိမ်စရာမရှိပါဘူး။ အချိန်တန်ရင် ပျောက်သွားမယ့် အရာပါ။ ဒါပေမယ့် မကြာခဏ ဆိုသလို ဦးရေပြားယားယံပြီး ကုတ်ဖဲ့နေရမယ် ဆိုရင်တော့ သင့်အနေနဲ့ ကုသမှု နည်းလမ်းတစ်ခုခုကို ရှာဖေွသင့်ပါတယ်။

၂။ ဆံပင်ကျှတ်ခြင်း
----------------------
ဦးရေပြား ဆဲလ်သေများနဲ့ မိှုရောဂါကြောင့် တဖြေးဖြေးနဲ့ ဆံပင်ကျှတ် လာပါလိမ့်မယ်။ ဦးရေပြား ယားယံမှ မိှုရောဂါဖြစ်တယ်လို့ မယူဆလိုက်ပါနဲ့။ ခေါင်းဖြီးလိုက်တိုင်း တကယ်လို့ ဆံပင် အလုံးလိုက်အထေွးလိုက် ကျွတ်နေရတယ်ဆိုရင်လည်း ဒါဟာ ဦးရေပြားမိှုရောဂါကို ခံစားနေရတဲ့ လက္ခဏာရပ်ပါပဲ။

၃။ ခြောက်သေ့ွှကမ်းတမ်းတဲ့ဆံပင်
---------------------------------------------
တစ်ချို့ဆိုရင် ဗောက်ထတာလည်း မဖြစ်ဘူး၊ ဦးရေပြားလည်း မယားယံဘူးဆိုပေမယ့် ဆံသားတေွက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းနေတတ်ပါတယ်။ ဒါဟာလည်း သင့်ရဲ့ ဦးရေပြားမှာ လိုအပ်တဲ့ ပရိုတင်းဓာတ်များက ချို့တဲ့နေတဲ့ အတွက်ကြောင့်ပါပဲ။ ဒါပေမယ့် ဒါဟာ အချိန်ကြာလာရင် ဦးရေပြားမိှုရောဂါ ဖြစ်လာနိုင်တဲ့ အတွက် အထူးသတိပြုရမယ့် အချက်ပါပဲ။

၄။ ဝက်ခြံများထွက်ပေါ်လာခြင်း
---------------------------------------
ဦးရေပြားနဲ့ မျက်နှာ အသားအရေက ဆက်စပ်မှု ရှိနေတာအမှန်ပါပဲ။ ဦးရေပြားနဲ့ ဆံသားတေွ သန့်ရှင်းမှု မရှိတဲ့အတွက် မျက်နှာပြင်မှာ အဖုအပိန့်များနဲ့ ဝက်ခြံများ ထွက်ပေါ်လာတတ်ပါတယ်။ တကယ်လို့ သင့်ဆီမှာလည်း ဝက်ခြံတေွ အဆက်မပြတ် ထွက်နေတယ်ဆိုရင်တော့ ဦးရေပြား မိှုစွဲနေလို့လား ဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။ အထူးသဖြင့် နဖူးတစ်ဝိုက် ဝက်ခြံထွက်သူတေွ တဖြည်းဖြည်းနဲ့ ပိုသတိပြုသင့်ပါတယ်။ ဦးရေပြား မှုိရောဂါနဲ့ ဗောက်ထခြင်းကို ကုသဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ခေါင်းလေှျာ်ရည်တေွလည်း ရှိသလို၊ သဘာဝနည်းလမ်းကောင်းတေွလည်း အများကြီးရှိပါတယ်နော်။ ဒါကြောင့် သင့်အနေနဲ့ ရေမချိုးခင် ဦးရေပြားကို ရှားစောင်းလက်ပတ်အတွင်းသား ဂျယ်လ်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင်လည်း ကောင်းကောင်း သက်သာစေနိုင်ပါတယ်။
#Ref(Good Health news - ဦးရေပြားရောဂါများနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)