မကြာခဏ ဆိုသလို ခေါင်းကိုက်၊ နှာစေးနဲ့ နေထိုင်မကောင်းဖြစ်တတ်တဲ့သူတေွဟာ ဘာကြောင့် ဒီလို နေမကောင်း ခဏခဏ ဖြစ်ရသလဲဆိုတဲ့ အချက်ကို ကောင်းကောင်း သတိမထားမိတတ်ကြပါဘူး။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံတစ်ချို့ဟာ သတိမထားမိဘဲ မှားယွင်းနေတာတေွကြောင့်လည်း ဒီလို မကြာခဏ နေမကောင်း ဖြစ်နေရတာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဘာကြောင့် နေမကောင်းဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်း( ၅ )ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဗီတာမင် D ဓာတ်ချို့တဲ့ခြင်း
-----------------------------------
ဗီတာမင် D ချို့တဲ့ခြင်းဟာ မကြာခဏ ဆိုသလို နေမကောင်းဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ချက် ဖြစ်ပြီး ဗီတာမင် D ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ ဗီတာမင် D ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ငါး စတဲ့ အစားအစာတေွကို စားသုံးသင့်သလို နေရောင်ခြည်မှာလည်း ဗီတာမင် D ဓာတ် ပါဝင်တာကြောင့် နေ့စဉ် မနက်ခင်းနေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတေွကို ၁၅ မိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
၂။ လက်မဆေးဘဲ နေခြင်း
-----------------------------
လက်ဟာ အရာဝတ္ထုပစ္စည်း အမျိုးမျိုးနဲ့ အမြဲလိုလို ထိတေွ့နေရတာကြောင့် ရောဂါပိုးမွှားတေွ အကပ်ငြိဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အစာ မစားခင် အပြင်ကနေ ပြန်လာတဲ့အခါမျိုးတေွမှာ မဖြစ်မနေ လက်ဆေးသင့်ပြီးတော့ Hand Gel တေွ အသုံးပြုတာမျိုးထက် ရေ၊ ဆပ်ပြာတို့နဲ့ သေချာစွာ ဆေးကြောခြင်းက စိတ်အချရဆုံးပဲ ဖြစ်ပါတယ်။
၃။ မနက်စာမစားဘဲ နေခြင်း
--------------------------------
မကြာခဏ ဆိုသလို နေမကောင်းဖြစ်ရခြင်းမှာ မနက်စာကို ပုံမှန်မစားတာဟာလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့အာဟာရဓာတ် လုံလောက်မှု မရှိတဲ့အခါ ကိုယ်ခံအားစနစ် လျော့ကျလာပြီး နေမကောင်းဖြစ်စေပါတယ်။
၄။ ရေများများ မသောက်ခြင်း
------------------------------------
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ ရေဓာတ်ကို မရှိမဖြစ် လိုအပ်နေပြီးတော့ ရေအလုံအလောက် သောက်သုံးမှု မရှိတဲ့အခါ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်လွယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ နေမကောင်း ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅။ အိပ်ရေးဝဝ မအိပ်စက်ခြင်း
-----------------------------------
Cytokines ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ထွက်ရှိတဲ့ဓာတ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတဲ့အချိန်မှာ ထွက်ရှိလာတာ ဖြစ်ပြီး Cytokines ဟာ နေထိုင်မကောင်းဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုတေွကို လျော့ကျစေနိုင်ပါတယ်။ ညဖက်တေွမှာ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းကလည်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေပြီးတော့ ကျန်းမာရေးကို ကောင်းကောင်း ဆုတ်ယုတ်လာစေမှာပဲ ဖြစ်ပါတယ်။
#Ref(Irrawaddy news - နေမကောင်းဖြစ်ခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)