
သင်ဟာ တကယ်လို့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်မပေးနိုင်သူ၊ ဒါမှမဟုတ် အပင်ပန်းမခံနိုင်သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းလေးက သင့်အတွက် အရမ်းအသုံးဝင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းလေးဟာ အစာချေစနစ်ကို ကောငး်မွန်စေပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တေွကို ဖယ်ရှားပေးရုံသာမက အဆီခြေဖျက်မှုစနစ်ကိုလည်း သိသိသာသာ တဖြည်းဖြည်းနဲ့ တိုးမြင့်လာစေပါတယ်။

ပါဝင်သောပစ္စည်းများ
--------------------------
သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ( ၁ ) ဇွန်း
သဘာဝပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ( ၂ ) ဇွန်း
ရေ ဖန်ခွက်(၁)ခွက်

ပြုလုပ်နည်း
---------------
အရင်ဦးဆုံး ရေကို အိုးထဲထည့် အပူပေးလိုက်ပါ။ ခနနေ ပွက်ပွက်ဆူလာတဲ့အခါ သစ်ကြံပိုးခေါက်အမှုန့်ကို ထည့်ကာ ခဏလောက် ဆက်တည်ထားပါ။ ပြီးရင်တော့ အိုးကို မီးဖိုပေါ်မှ ချပြီးတော့ အအေးခံလိုက်ပါ။ ခနနေ အေးသွားပြီဆိုမှ ပျားရည်ကို ထည့်ပြီးတော့ သောက်သုံးပေးပါ။ ဒီဖျော်ရည်တစ်ခွက်ကို နေ့စဉ် ပုံမှန် အစာမစားခင် သောက်သုံးပေးခြင်းဖြင့် တစ်နေကုန် ကြည်လင်လန်းဆန်း စေရုံသာမက ဆယ်ရက်အတွင်း ဗိုက်အဆီတေွလည်း သိသိသာသာ လုံးဝကျသွားစေမှာပဲ ဖြစ်ပါတယ်။
#Ref( Good Health news - ဗိုက်အဆီချခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)