ဗီတာမင်ဘီဝမ်းဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ပါဝင်တာကို တေွ့ရပါတယ်။ စားသောက်လိုက်တဲ့ အစားအစာတေွမှာပါဝင်တဲ့ ဗီတာမင်ဘီဝမ်းကို အူက အလွယ်တကူ စုပ်ယူထားနိုင်ပါတယ်။ ဗီတာမင်ဘီဝမ်းဟာ ကစီဓာတ်(ကာဗိုဟိုက်ဒရိတ်)တေွကို ဖြိုခွဲကာ အာဟာရထုတ်ယူတဲ့ ဖြစ်စဉ်မှာ အရေးပါပါတယ်။ အာရုံကြောအဖွဲ့အစည်းအတွင်း သတင်းအချက်အလက်တေွ သယ်ယူပို့ဆောင်တဲ့နေရာမှာ အရေးပါတဲ့ Acetylcholine ဖြစ်ပေါ်ဖို့ ဗီတာမင်ဘီဝမ်းကို လိုအပ်ပါတယ်။
ဘီတာမင်ဘီဝမ်းချို့တဲ့ပါက ကစီဓာတ်တေွ မပြိုကွဲနိုင်ဘဲ Latic Acid တေွစုပြီး Acidosis ဖြစ်စဉ်ဝင်ရောက်လာပါတယ်။ Latic Acid တေွ စုမိတဲ့အခါ သေွးကြောတေွ ကျယ်လာပြီး အစွန်အဖျားသေွးကြောတေွမှာ သေွးတေွသွားစုပြီး နှလုံးဆီပြန်ရောက်တဲ့ သေွးနည်းသွားကာ နှလုံးခုန်နှုန်းတေွ မြန်လာပါတယ်။ အလွယ်တကူမောပန်းလွယ်လာနိုင်ပါတယ်။ မျက်နှာနဲ့ခြေထာက်တေွမှာ သေွးတေွစုနေလို့ မို့အမ်းလာတတ်ပါတယ်။ Acetylcholine ထုတ်လုပ်မှုနည်းလာတဲ့အတွက် အာရုံကြောအဖွဲ့အစည်း ထိခိုက်လာပြီး ခြေလက်တေွထုံကျင်လာပါမယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး အစားအသောက်ပျက်ကာ ဝမ်းချုပ်လာတတ်ပါတယ်။
ဗီတာမင်ဘီဝမ်းချို့တဲ့နေတဲ့ မိခင်ရဲ့နို့ကို သောက်သုံးရတဲ့ ကလေးဟာလည်း ဘီတာမင်ဘီဝမ်းဓာတ်ချို့တဲ့ပြီး ဘယ်ရီဘယ်ရီ ခေါ် သူငယ်နာရောဂါဖြစ်ပွားနိုင်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း