အလိုအလျောက်ပျက်တာဆိုရင် ၃ကြိမ်ဆက်တိုက်ဖြစ်ရင် အကြောင်းရှာရပါမယ်။ တေွ့ရင်တော့ အကြောင်ရင်းကို ကုပေါ့။ မတေွ့ရင်တော့ နောက်ကိုယ်ဝန်ယူမယ်စိတ်ကူးရင် ဖောလစ်အက်ဆစ် တစ်နေ့တစ်ပြား ကြိုသောက်ထားပါ။ ကိုယ်ဝန်ရရင်လည်း ၃လ အထိ ဆက်သောက်ထားပါ။ ကလေး ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ကလေးပျက်ခြင်းကို ကာကွယ်ပါလိမ့်မည်။ ကိုယ်ဝန်ဆောင်စဉ်နေကောင်းအောင် အဖျားအနာမရှိအောင် ကြိုးစားနေပါ။ ခြင်ကိုက်မခံရအောင်နေပါ။ နေထိုင်မကောင်းလို့ ဆရာဝန်ပြရင် ကိုယ်ဝန်ရှိကြောင်းပြောပြပါ။ ကလေးကိုမထိခိုက်သောဆေး ရေွးနိုင်အောင်ပါ။
များသောအားဖြင့် ပိုးဝင်တဲ့ သားပျက်ခြင်းဟာ မလိုချင်လို့ ဖျက်ချတဲ့သူတေွမှာ အဖြစ်များပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်မရဘို့ အရေးကြီးပါတယ်။ ကိုယ့်မိသားစုကို ကိုယ်တိုင် ဖန်တီးကြပါ။ ကိုယ်တိုင်ရေွးချယ်သောနည်းနဲ့ သားဆက်ခြားကြပါ။ သာယာချမ်းမြေ့တဲ့ မိသားစုပိုင်ရှင်များဖြစ်ကြပါစေ။
Ref: မေ့ရင်သေွးမဂ္ဂဇင်း