စျေး မီဒီယာ
အခြား

လူတော်တော်များများ မသိသေးတဲ့ ထန်းရည်အချို သောက်သုံးခြင်းရဲ့ကျန်းမာရေး အကျိုးကျေးဇူးများ

Posted by Zaw Lin Aung May 3, 2020
Xmimkttqaqfihgrh0yul

ထန်းရည်အချိုက ချိုချိုလေးနဲ့ အရသာလည်းရှိတဲ့အပြင် သဘာဝထန်းပင်ကနေ ရလာတဲ့ ရှားပါး ဝိုင်တစ်မျိုးပါပဲ။ ဒါအပြင် ကမ္ဘာပေါ်မှာလည်း နာမည်ကြီးနေတဲ့ သဘာဝသောက်စရာ တစ်မျိုးပါ။ အနောက် အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတေွမှာတော့ ထန်းရည်အချိုကို လူတော်တော်များများက မကြာခဏ ဆိုသလို စွဲစွဲမြဲမြဲ သောက်သုံးကြလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီတစ်ခါမှာတော့ ထန်းရည်အချို သောက်သုံးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Vf3weiyzonhzf5yjhhbt

၁။ ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးတယ်
--------------------------------------------------

ထန်းရည်အချိုမှာ ဗီတာမင် B2 လို့ လူသိများကြတဲ့ Riboflavin ဓာတ် ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တေွကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့်သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ကောင်းကောင်း ဖြည့်တင်းပေးနိုင်ပါတယ်။

Rxila7mzr8oodrwdu51x

၂။ မျက်စိအမြင်အားကိုလည်း ကောင်းစေတယ်
---------------------------------------------------

ထန်းရည်မှာ Antioxidant၊ ဗီတာမင် စီဓာတ် ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ ဒါအပြင် ဗီတာမင် B1 (Thiamine) ဓာတ်လည်း ပါဝင်တာကြောင့် မျက်စိအမြင်ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။

Ufsntin0pbz5zidjoaqf

၃။ အသားအရေ၊ ဆံသားနဲ့လက်သည်း ကျန်းမာရေးကိုလည်း မြှင့်တင်ပေးတယ်
------------------------------------------------------------------------------------------

ထန်းရည်မှာ သံဓာတ်၊ ဗီတာမင် B Complex တေွ ပါဝင်တာကြောင့် အသားအရေ၊ ဆံသားနဲ့ လက်သည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သံဓာတ်က ခန္ဓာကိုယ်ထဲက ဆဲလ်တေွ ကြီးထွားဖို့အတွက် အဓိက လိုအပ်ပါတယ်။ ဒါကြောင့် အနာအကျက်မြန်စေဖို့၊ ကျန်းမာတဲ့ဆဲလ်တေွှဖစ်ဖို့အတွက် ထန်းရည်က အရေးကြီးပါတယ်။

O9ajkc0yktcvgzqt2etq

၄။ နှလုံးရောဂါ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးတယ်
----------------------------------------------------------------

ထန်းရည်မှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပြီးတော့ သေွးတိုးကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အလွန်အကျှံသောက်ရင်တော့ ထန်းရည်ဟာ အသည်းကို ပျက်စီးစေပါတယ်။

Sgsy1jwa1teig79htdgy

သတိထားသင့်တဲ့ ထန်းရည်ရဲ့ ဆိုးကျိုးများ
----------------------------------------------

ထန်းရည်ကို တစ်ခါသောက်ရင် တစ်ခွက်လောက်ပဲ ဆေးဖြစ် ဝါးဖြစ် သောက်သုံးသင့်ပါတယ်။ အလွန်အကျှံသောက်ရင်တော့ အသည်းမှာ အဆီဖုံးတာ၊ သေွးကျဲတာ၊ နှလုံးကြွက်သားတေွ အားနည်းပြီးတော့ သေွးကို မပို့ဆောင်နိုင်တာ၊ အသည်းလုပ်ငန်းဆောင်တာတေွကို အနေှာင့်အယှက်ဖြစ်တာ၊ ကြွက်သားတေွ အားနည်းတာတို့လည်း တဖြည်းဖြည်းနဲ့ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါအပြင် တစ်ခု သတိထားရမှာက မိန်းကလေးတေွအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထန်းရည်ကို လုံးဝ မသောက်သုံးသင့်ပါဘူး။
#Ref( Good Health news - ထန်းရည်နဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.