
ပျိုမေတေွအတွက် အမာရွတ်ဟာ တကယ်ကို စိတ်အနေှာက်အယှက် ဖြစ်စရာကောင်းပါတယ်။ ခြေထောက်မှာ အမာရွတ်တေွ ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း လျော့နည်းသလို အရမ်းစိတ်ကျဉ်းကျပ်ပြီးတော့ ရှက်ရွံ့သလိုလည်း ခံစားရစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီလို စိတ်အနေှာက်အယှက် ဖြစ်စရာကောင်းလွန်းတဲ့ အမာရွတ်တေွကို သက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းကောင်းလေးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဗီတာမင် E အဆီ
----------------------
ဗီတာမင် E ဆေးတောင့်လေးမှာ ပါဝင်တဲ့ အဆီလေးကို ဖောက်ထုတ်လိုက်ပါ။ ပြီးရင် ရလာတဲ့ အဆီလေးကို အမာရွတ်တေွပေါ် လိမ်းပေးကာ နှိပ်နယ်ပေးပြီး ၁၅ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင်တော့ ရေနေွးလေးနဲ့ သေချာ ဆေးကြော သန့်စင်လိုက်ပါ။ ဒါပေမယ့် တစ်ခု သတိထားရမှာက ဗီတာမင် E ဟာ တစ်ချို့လူတေွဆီမှာ ဓာတ်မတည့်တာမျိုးလည်း ရှိတတ်လို့ အဆင်မပြေရင်တော့ ဆက်မသုံးဖို့ အကြံပေးလိုက်ပါတယ်။

၂။ သံပုယိုရည်
----------------
သံပုယိုရည်ကို ရေအနည်းငယ်ရောပြီးတော့ ဂွမး်စလေးနဲ့တို့ကာ အမာရွတ်ရှိတဲ့ အရေပြားပေါ်ကို ညအိပ်ရာမဝင်ခင်တိုင်း လိမ်းပေးခြင်းဖြင့် မကြာခင် အမာရွတ်တေွ လျော့နည်းပြီးတော့ ပါးသွားတာကို တေွ့ရမှာပဲ ဖြစ်ပါတယ်။

၃။ ရှားစောင်းလက်ပတ်
---------------------------
အရင်ဦးဆုံး ရှားစောင်းလက်ပတ်ကို ဖြတ်ပြီး အထဲက အနှစ်ကို ထုတ်ယူလိုက်ပါ။ ပြီးရင် ရလာတဲ့အနှစ်ကို အမာရွတ်တေွအပေါ် တိုက်ရိုက် လိမ်းပေးလိုက်ပါ။ ဒီလိုမျိုး နေ့စဉ် ပုံမှန်လိမ်းပေးခြင်းဖြင့် အမာရွတ်တေွ သိသိသာသာ ပျောက်ကင်းသက်သာသွားမှာပဲ ဖြစ်ပါတယ်။

၄။ သခွားသီး
---------------
သခွားသီးကို ကြိတ်ပြီးတော့ ရလာတဲ့အနှစ်ကို သံပုယို အနည်းငယ်ရောပြီးတော့ အမာရွတ်ဖြစ်တဲ့ အရေပြားပေါ် လိမ်းပေးလိုက်ပါ။ နေ့စဉ် ပုံမှန် ဒီနည်းလမ်းလေးကို ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တေွ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

၅။ သံလွင်ဆီ
-------------
သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ရလာတဲ့ ဆီနေွးနေွးကို အမာရွတ်တေွပေါ်ကို လိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။ ဒီလိုမျိုး ပုံမှန် ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တေွ အမြန်ဆုံး ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။
#Ref( အိန်းအိန်း - အမာရွတ်ဟောင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)