အံဆုံးသွားကိုက်တဲ့အခါ ခံစားရတဲ့ နာကျင်ဝေဒနာကို ကြုံတေွ့ဖူးသူများသာလှျင် ကိုယ်ချင်းစာ တတ်ကြမှာပါ။ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားမှာ ဖြစ်ပေါ်လာတတ်တဲ့ အံဆုံးသွားနဲ့ပတ်သက်လို့ ခံစားရသူတေွရှိပေမယ့်လည်း တစ်ချို့သူတေွကတော့ ကံကောင်းထောက်မစွာဖြင့်ပင် မကြုံတေွ့ကြပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီလိုမျိုး ခံရခက်တဲ့ အံဆုံးသွားပေါက်တဲ့ဒဏ်ကို သက်သာစေဖို့အတွက် ဆေးဝါးတေွမလိုဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတေွကို မိုမိုလေး ပရိသတ်ကြီးအတွက် အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။
၁။ ဆားရေနေွးနေွး
----------------------
ဆားဟာ သဘာဝအတိုင်း ရောဂါပိုးတေွကို သေစေနိုင်တာကြောင့် ရေနေွးနေွး တစ်ခွက်ထဲမှာ ဆားထည့်ရောပြီးတော့ ပလုတ်ကျင်း ပေးပါ။ ဒါဆို သွားကိုက်တာကို ချက်ချင်း သက်သာသွားစေမှာဖြစ်ပြီး မိနစ်အနည်းငယ်လောက် လုပ်ပေးရပါမယ်။ ဒါဟာ လွယ်ကူရုံသာမက တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
၂။ မုန့်ဖုတ်ဆိုဒါအနှစ်
---------------------
အံဆုံးပေါက်လို့ နာကျင်တဲ့ဝေဒနာသာမက ရောင်ရမ်းခြင်းကလည်း နောက်ဆက်တွဲ လိုက်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ ဒါကို မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သွားတိုက်ဆေးနဲ့ရောပြီးတော့ အံဆုံးသွားပေါ်ကို တိုက်ရိုက် တိုက်ပေးပါ။ ဒါဆို မိနစ်အနည်းငယ်အတွင်းမှာပဲ နာကျင်မှုကို ကောင်းကောင်း သက်သာစေနိုင်မှာပါ။
၃။ ရေခဲကပ်ခြင်း
-----------------------
ဘယ်လိုရောင်ရမ်းမှုမျိုးကိုမဆို ရေခဲက သက်သာအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိထားကြပါတယ်။ ရေခဲကြပ်ထုပ်ကို သွားကိုက်နေတဲ့ ပါးမှာ ကပ်ပေးပြီးတော့ ၁၅ မိနစ်လောက် ထားပါ။ ထို့နောက် အချိန်ပြည့်ရင် ခွာလိုက်ပြီး ၁၅ မိနစ် နားပေးပါ။ ဒီလိုမျိုး တစ်နေ့လှျင် ခဏခဏ ပြုလုပ်ပေးရမှာဖြစ်ပြီး ရောင်ရမ်း ကိုက်ခဲခြင်းတို့အတွက် အထူးကောင်းမွန်စေပါတယ်။
၄။ လက်ဖက်ရည်ကြမ်း အိတ်များ
--------------------------------
အံဆုံးသွားကိုက်တဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် လက်ဖက်ရည်ကြမ်း အိတ်အစုံကိုလည်း အသုံးပြုပေးနိုင်ပါသေးတယ်။ လက်ဖက်ရည်ကြမ်းပူငေွ့ငေွ့လေးက ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက ကိုက်နေတဲ့သွားအပေါ်ကို တင်ပေးခြင်းကလည်း နာကျင်မှုကို အတော်အသင့် သက်သာစေပါတယ်။
၅။ လေးညှင်းပွင့်
------------------------
အဖိုးအဖွားတေွ ခေတ်ကတည်းက အသုံးပြုလာတဲ့ လေးညှင်းပွင့်ကို ကိုက်နေတဲ့သွားအပေါ်မှာ တင်ပေးထားခြင်းဖြင့် ပိုးတေွကိုသေစေပြီးတော့ ထုံကျင်နေတာတေွကိုလည်း သက်သာစေမှာပါ။ ဒါအပြင် လေးညှင့်ပွင့်ကို ဂွမ်းထဲထည့်ပြီးတော့ အသုံးပြုနိုင်သလို အရသာပြင်းတယ်လို့ ထင်ပါက သံလွင်ဆီနဲ့ ရောစပ်နိုင်ပါတယ်။
၆။ နနွင်းပလုတ်ကျင်းရည်
-----------------------------
နနွင်းမှာ ပါဝင်တဲ့ သဘာဝအစွမ်းတေွဟာ အံဆုံးပေါက်တဲ့ ပြဿနာတေွကို ကောင်းကောင်း ဖြေရှင်းပေးနိုင်ပါတယ်။ နနွင်းအနည်းငယ်ကို ရေထဲ ထည့်ဖျော်ပြီးတော့ ပလုတ်ကျင်း ပေးလိုက်ပါ။ ဒါဆို သက်သာသွားပါလိမ့်မယ်။
၇။ အအေးခံထားသည့် သခွားသီး
--------------------------------------
သခွားသီးကို ပါးပါးလှီးကာ အအေးခံထားပြီးတော့ ကိုက်နေတဲ့သွားမှာ ကပ်ပေးထားလိုက်မယ်ဆိုရင် နာကျင်တဲ့ဝေဒနာကို သက်သာ ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။
၈။ ကြက်သွန်နီ
-------------
ကြက်သွန်နီက အနံ့ ပြင်းပေမယ့်လည်း သွားကိုက်တာကို ကုသရာမှာတော့ ဆရာတစ်ဆူပါပဲ။ အရင်ဦးဆုံး ကြက်သွန်နီကို အကွင်းလိုက်လှီးကာ သွားမှာ ကပ်ပေးထားမယ်ဆိုရင် ပါးစပ်အတွင်းက ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီးတော့ နာကျင်မှုကို ကောင်းကောင်း သက်သာစေမှာပါ။
#Ref( My Health Myanmar news - အံဆုံးပေါက်ခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)