
ပိန််းဥဆိုတာ သဘာဝက ပေးတဲ့ ဆေးဖက်ဝင် အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ ပိန်းဥကို ကမ္ဘာအနှံ့ နေရာတော်တော်များများမှာ စိုက်ပျိုးထားကြပါတယ််။ အများအားဖြင့် ပိန်းဥကို ပြုတ်စား၊ ဟင်းချက်စားကြတာပဲ များပါတယ်။ တော်တော်များများကတော့ ဟင်းချို ချက်ပြီးတော့ စားတာကိုပဲ ပိုပြီးတော့ နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပိန်းဥကို စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူး( ၅ )ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ အစာချေဖျက်အားကို ပိုကောင်းစေခြင်း
---------------------------------------------------
ပိန်းဥမှာ အမှျင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အမှျင်ဓာတ်က အူတွင်းရှိ လှုပ်ရှားမှုကို ပိုမို ကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းကို ပိုကောင်းစေတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ််။ ဒါအပြင် လေပွှခင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက် ဝမ်းလေှျာခြင်း၊ လေအောင့်ခြင်းတေွ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း
-------------------------------------------
ပိန်းဥမှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် လုပ်ဆောင်ချက်တေွ ပါဝင်ပါတယ်။ ဗီတာမင် အေ၊ စီတို့ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီးတော့ အန္တရာယ်ရှိတဲ့ free radicals ကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင် ပိန်းဥမှာ ပါရှိတဲ့ Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုပါ ကောင်းကောင်း လျော့ကျစေနိုင်ပါတယ်။

၃။ အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်း
----------------------------------------------------
ပိန်းဥမှာ beta-carotene နဲ့ cryptoxanthin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတေွ ပါဝင်တာကြောင့် အမြင်အာရုံဆဲလ်တေွကို ပိုမို ကောင်းမွန်စေနိုုင်ပါတယ်။

၄။ သေွးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်း
---------------------------------------------------------
ပိန်းဥမှာ ပါဝင်တဲ့ သတ္တုဓာတ်တေွက ကျန်းမာရေးကို အကျိုးပြုစေနိုင်ပါတယ်။ သံဓာတ်နဲ့ ကော့ပါးက သေွးအားနည်းခြင်းကို ကာကွယ်ပေးပြီးတော့ သေွးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေဖို့ အဓိက အကျိုးပြုပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက သေွးနီဥဆဲလ်တေွ ထုတ်လုပ်မှုအတွက် အရေးပါတာကြောင့် သေွးအားကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

၅။ နှလုံးရောဂါနဲ့ ဆီးချိုကို သက်သာစေခြင်း
---------------------------------------------------
ပိန်းဥမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သေွးကြောနဲ့ နှလုံးသေွးကြောတေွကို ဖိစီးမှု ပြေလျော့စေပြီးတော့ သေွးဖိအားကို လျော့ကျစေပြီးတော့ အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးတာကြောင့် ဦးနေှာက်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ပိုမို ကောင်းစေနိုင်ပါတယ်။ အမှျင်ဓာတ်က အင်ဆူလင်နဲ့ ဂလူးကို့စ်ဓာတ်တေွ ထွက်ရှိမှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒါအပြင် ပိန်းဥက ဆီးချိုးရှိပြီးသားဖြစ်နေရင်လည်း သကြားဓာတ်မြင့်တတ်ခြင်း၊ ထိုးကျခြင်း မဖြစ်အောင်လည်း ကာကွယ်ယပေးနိုင်ပါတယ်။
#Ref( Good Health news - ပိန်းဥနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)