ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက်သာမကပဲ ဆံကေသာအတွက်လည်း အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာ သင် သိပြီးပြီလား။ ရှားစောင်းလက်ပတ်ဟာ ဆံပင်ကျွတ်တာကို သက်သာစေပြီးတော့ ဆံပင်ကို အရှည်မြန်စေသလို ပျော့လည်း ပျော့ပြောင်းစေပါတယ်။ ဆံကေသာနဲ့ပတ်သတ်တဲ့ အကောင်းဆုံးကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ ဗီတာမင် E က ဗောက်တေွကို ပျောက်ကင်းစေသလို ဦးရေပြားကိုလည်း သန့်ရှင်းပေးနိုင်ပြီးတော့ ဆံပင်ပေါက်တဲ့ Follicles လေးတေွကိုလည်း သန်စွမ်းစေပါတယ်။ ဒါအပြင် ဦးရေပြားကို ကျန်းမာစေလို့ ဆံပင်ကျွတ်တာ ၊ ဆံဖြားနှစ်ခွှဖစ်တာတေွကိုလည်း သက်သာစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ရှားစောင်းလက်ပတ်အနှစ်ကို အသုံးပြုပြီးတော့ ဆံပင်ပေါင်းတင်နည်းကို အခုလိုပဲ မှျဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-----------------
ရှားစောင်းလက်ပတ် အနှစ် (gel) စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ဗီတာမင် E တောင့် ၃ တောင့်
သဘာဝ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်နည်း
-------------
ခွက်တစ်လုံးထဲမှာ ရှားစောင်းလက်ပတ်နဲ့ ကြက်ဆူဆီကို ရောလိုက်ပါ။ ပြီးရင် ဗီတာမင် E အဆီထည့်ပြီးတော့ ရောပါ။ ပြီးရင် ပျားရည် ထပ်ထည့်ပါ။ ထို့နောက် သေချာမေွှပေးပြီးရင် အသုံးပြုလို့ ရပါပြီ။
အသုံးပြုနည်း
--------------------
အရင်ဦးဆုံး ဆံပင်နဲ့ ဦးရေပြားပေါ်ကို သေချာလိမ်းပေးပြီးတော့ Shower Cap စောင်းပါ။ ပြီးရင် ၂ နာရီလောက်ထားပြီး နို့ခေါင်းလျေှာ်ရည်နဲ့ ခေါင်းလေှျာ်ပါ။ ထို့နောက် ပေါင်းဆေး သုံးပါ။ ဒီလိုမျိုး တစ်ပတ်ကို ၁ ကြိမ် အနည်းဆုံးလုပ်ပေးပြီး ၁လ လုပ်ပါ။ ဒါဆို ဆံပင်ကျှတ်တာကို သိသိသာသာ သက်သာစေပြီးတော့ ဆံပင်အရှည်မြန်လာတာကို သင်ကိုယ်တိုင် လက်တေွ့ခံစားရမှာပဲ ဖြစ်ပါတယ်။
#Ref( My Style news - ဆံပင်နဲ့ရှာစောင်းလက်ပတ်ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)