Kyarlay.com

almost 2 years

ကေလးငယ္မ်ား မေတ္ာတဆ ထိခိုက္မႈ မျဖစ္ေစဖို႕အတြက္


T7ggf9empnpyftstikyx

ေဖေဖ၊ ေမေမတို႕ေရ ရင္ေသြးငယ္ေလးေတြမွာ မေတာ္တဆထိခိုက္မႈ အႏၱရာယ္ကေန ကာကြယ္ေပးႏိုင္ဖို႕အတြက္ ေဖေဖ၊ ေမေမတို႕က သတိထားၿပီးေတာ့ ဂရုတစိုက္ျပဳစုေပးဖို႕အတြက္ လိုအပ္ပါတယ္ေနာ္။ အထူးသျဖင့္ေတာ့ ေဖေဖ၊ ေမေမေတြအျပင္ ရင္ေသြးငယ္ေလးေတြကို အနီးကပ္ၾကည့္ရႈျပဳစုေနသူေတြ အားလံုးက သတိထားသင့္တာပါ။ ကေလးေတြကို ထိန္းေက်ာင္းေပးေနသူေတြအေနနဲ႕ ရင္ေသြးငယ္ေလးေတြကို မ်က္ေျချပတ္မခံဘဲ အၿမဲတမ္းေစာင့္ၾကည့္ေနဖို႕ လိုအပ္ပါတယ္။



Tozj0jnmbfgornlc4qjh

ေနာက္ၿပီးေဆးေတြ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြကို ကေလးေတြလက္လွမ္းမီတဲ့ ေနရာေတြမွာ မထားဘဲ ဘီဒိုထဲမွာ ေသာ့ခတ္သိမ္းထားဖို႕သာ လိုအပ္ပါတယ္။ ေရေႏြးဗူးေတြ၊ ကြဲေစတတ္တဲ့ပစၥည္း္ေတြနဲ႕ အပ္၊ ခ်ိတ္စတဲ့ခၽြန္ထက္တဲ့အရာေတြကို ကေလးေတြရဲ႕အနီးမွာ မထားမိေစဖို႕အတြက္ သတိထားေပးဖို႕လိုအပ္ပါတယ္ေနာ္။ လွ်ပ္စစ္မီးခလုတ္ေတြ၊ ပလပ္ေပါက္ေတြကိုလည္း ကေလးေတြလက္လွမ္း မမီတဲ့ေနရာေတြ ထားရွိဖို႕လိုအပ္ပါတယ္ေနာ္။


F7qnciarr5mwtmnhm7t7

ကေလးငယ္ေတြကစားတဲ့အခါမွာလည္း ေရတြင္း၊ ေရကန္ေတြ၊ အျမင့္ေတြမွာ မကစားေစဖိုကအတြက္ ၾကည့္ရႈေပးသင့္ပါတယ္။ ေနာက္ၿပီး ကေလးငယ္ေတြရဲ႕ ပါးစပ္ထဲ၀င္ၿပီး အသက္ရွဴလမ္းေၾကာင္း ပိတ္ဆို႕ေစႏိုင္တဲ့ ေက်ာက္လံုး၊ ေဂၚလီလံုး၊ မန္က်ည္းေစ့၊ ၾသဇာေစ့တို႕လို အေစ့ေတြ၊ ကြာေစ့၊ ေနၾကာေစ့၊ ေျမပဲေတြနဲ႕ မကစားေစဖို႕လိုသလို မေကၽြးဖို႕လည္း လိုအပ္ပါတယ္။ မီးဖို၊ မီးခြက္ေတြအနီးမွာ ကေလးငယ္ေတြ မကစားေစဖို႕အတြက္ကိုလည္း ေဖေဖ၊ ေမေမေတြအားလံုးက ဂရုစိုက္ေပးဖို႕လိုအပ္ပါတယ္ေနာ္။ ရင္ေသြးငယ္ေလးေတြက်န္းမာေပ်ာ္ရႊင္စြာ ႀကီးျပင္းလာေစဖို႕အတြက္ မိသားစုေတြအားလံုးက ဂရုတစိုက္ ျပဳစုေစာင့္ေရွာက္ေပးဖို႕ လိုအပ္ပါတယ္ေနာ္။

မိခင္နဲ႕ရင္ေသြးငယ္တိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Edi5jfzljxoh2wvd9raf

ကလေးငယ်များ မတေ်ာတဆထိခိုက်မှု မဖြစ်စေဖို့အတွက်

ဖေဖေ၊ မေမေတို့ရေ ရင်သွေးငယ်လေးတွေမှာ မတော်တဆထိခိုက်မှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက် ဖေဖေ၊ မေမေတို့က သတိထားပြီး ဂရုတစိုက်ပြုစုပေးဖို့အတွက် လိုအပ်ပါတယ်နော်။ အထူးသဖြင့်တော့ ဖေဖေ၊ မေမေတွေအပြင် ရင်သွေးငယ်လေးတွေကို အနီးကပ်ကြည့်ရှုပြုစုနေသူတွေအားလုံးက သတိထားသင့်တာပါ။ ကလေးတွေကို ထိန်းကျောင်းပေးနေသူတွေအနေနဲ့ ရင်သွေးငယ်လေးတွေကို မျက်ခြေပြတ်မခံဘဲ အမြဲတမ်းစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။

နောက်ပြီးဆေးတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ကလေးတွေလက်လှမ်းမီတဲ့ နေရာတွေမှာ မထားဘဲ ဘီဒိုထဲမှာ သော့ခတ်သိမ်းထားဖို့သာ လိုအပ်ပါတယ်။ ရေနွေးဗူးတွေ၊ ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ အပ်၊ ချိတ်စတဲ့ချွန်ထက်တဲ့အရာတွေကို ကလေးတွေရဲ့အနီးမှာ မထားမိစေဖို့အတွက် သတိထားပေးဖို့လိုအပ်ပါတယ်နော်။ လျှပ်စစ်မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကိုလည်း ကလေးတွေလက်လှမ်း မမီတဲ့နေရာတွေ ထားရှိဖို့လိုအပ်ပါတယ်နော်။

ကလေးငယ်တွေကစားတဲ့အခါမှာလည်း ရေတွင်း၊ ရေကန်တွေ၊ အမြင့်တွေမှာ မကစားစေဖိုကအတွက် ကြည့်ရှုပေးသင့်ပါတယ်။ နောက်ပြီး ကလေးငယ်တွေရဲ့ ပါးစပ်ထဲဝင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်တဲ့ ကျောက်လုံး၊ ဂေါ်လီလုံး၊ မန်ကျည်းစေ့၊ သြဇာစေ့တို့လို အစေ့တွေ၊ ကွာစေ့၊ နေကြာစေ့၊ မြေပဲတွေနဲ့ မကစားစေဖို့လိုသလို မကျွေးဖို့လည်း လိုအပ်ပါတယ်။ မီးဖို၊ မီးခွက်တွေအနီးမှာ ကလေးငယ်တွေ မကစားစေဖို့အတွက်ကိုလည်း ဖေဖေ၊ မေမေတွေအားလုံးက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။ ရင်သွေးငယ်လေးတွေကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် မိသားစုတွေအားလုံးက ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)