
၃၇ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၄၈.၁ စင်တီမီတာ (၁၉.၂၅ လက်မ) လောက်ရှိပြီ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၂.၈ကီလိုဂရမ် (၆.၂၅ ပေါင်) ကျော်လောက်ရှိပြီဖြစ်ပါတယ်။
၃၇ ပတ်ရောက်ပြီဆိုပေမဲ့ နောက် ၂ပတ်အတွင်းမှာ အဆုတ်၊ အသည်း၊ ဦးနှောက်၊ နား၊နားရွက်တို့ က ဆက်လက်ဖွံ့ဖြိုးနေအုံးမှာ ဖြစ်ပါ တယ်။ ၃၉ပတ် မပြည့် မချင်း လစေ့ပြီလို့ ပြောလို့မရပါဘုး။ ဒါကြောင့် ခွဲမွေးမယ်ဆိုရင် ၃၉ပတ်ပြည့်ပြီးမှ ခွဲသင့်ပါ တယ်။
ဆံပင်မွှေးလေးတွေလည်းရှည်လာပါပြီ။ မွေးလာတဲ့ခါ ဆံပင်မွှေး အရောင် မိမိနဲ့ မတူရင် စိတ်မပူပါနဲ့။ ဒီဆံပင်တွေကျွတ်ပြီး အသစ် ပြန်ပေါက်မှာပါ။
ရင်သွေးလေးဟာ ပြုံးတဲ့အခါ ပြုံးနိုင်နေပါပြီ။
ရေမြွှာနည်းပြီး ကလေးထွားလာလို့ ကြပ်သွားတဲ့အတွက် တိုးအား နည်းသွား ပေမဲ့ တိုးတဲ့အကြိမ်တော့ပြည့်ရပါမယ်။ ကလေးတိုးတာလေးကို သတိထား ရပါမယ်။အတိုးနည်းရင် ကျန်းမာရေး စောင့်ရှောက်တဲ့သူကို ချက်ချင်းသတင်းပို့ဖို့လိုပါတယ်။