
၂၆ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၃၅.၆ စင်တီမီတာ (၁၄ လက်မ) လောက် ရှိပြီဖြစ်ပါတယ်။

ကြက်သွန်မြိတ်အရွယ်လောက် ရှိပါပြီ။
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း
ကိုယ်အလေးချိန် ၇၆၀ ဂရမ် (၁.ရ ၅ပေါင် ) လောက်ရှိပြီဖြစ်ပါတယ်။
ခြေလက်များ
ဦးနှောက်လေးက ပိုမို ဖွံဖြိုးလာတဲ့အတွက် အသံကိုတုန့်ပြန်မှု ပိုတိကျလာပါတယ်။ မေမေနဲ့ဖေဖေရဲ့ မတူတဲ့အသံကို ခွဲခြား တုန့်ပြန်တတ်လာပါတယ်။ ဒီလိုစောစောသိခြင်းဟာ ရင်သွေးငယ်နဲ့ မိဘရဲ့ သံယောဇဉ်ကို ပိုခိုင်မြဲစေပါတယ်။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်
လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ tastebuds လေးတွေ အားလုံး ပြည့်စုံနေပါပြီ။ နှာခေါင်းပေါက်လေးလည်း စပွင့်နေပါပြီ။ ပါးစပ်နဲ့ နှုတ်ခမ်းကလည်း ပိုပြီးခံစားတတ်လာပါပြီ။ သွားဖုံးမှာ ရှေ့သွား နဲ့ စွယ်သွားဖြစ်လာကြမဲ့ သွားအဖူးလေး(Toothbuds) တွေ စပေါ်နေပါပြီ။ အဆုတ်ကလည်း ပိုမိုဖွံ့ဖြိုးလာပါတယ်။ လေပြွန်တွေနဲ့သွေးကြောတွေ ကိုင်းခွဲတွေ ထပ်ထပ်ပွားပြီး လေအိတ်လေးတွေ ဖြစ်လာစေပါတယ်။ အခုချိန်မှာ ရေမြွှာရည်ကို ရှူသွင်း၊ ရှူထုတ်လုပ်နေပါတယ်။ ဒီလို ရှူသွင်း ရှူထုတ်လုပ်နေခြင်းဖြင့် အဆုတ်ရဲ့ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ်။ ဒီလိုအသက်ရှူတဲ့ လှုပ်ရှားမှုလေးတွေ လုပ်နေခြင်းဟာ မွေးပြီးလို့ ပထမဆုံး ရှူသွင်းလိုက်တဲ့ လေကို လေအိတ်တွေထဲအထိ ရောက်သွားအောင် လေ့ကျင့်နေတာဖြစ်ပါတယ်။ သားသားလေးတွေမှာတော့ Testes လို့ခေါ်တဲ့ ဝှေးစေ့လေး ၂လုံးဟာ ဗိုက်ထဲက နေ ကပ္ပါယ်အိတ်ထဲကို ဆင်းဖို့ ခရီးစတင် နေပါပြီ။ ဒီခရီးဟာ၂လ-၃လ လောက် ကြာတတ်ပါတယ်။