၂၅ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၃၄.၆ စင်တီမီတာ (၁၃.၆ လက်မ) လောက် ရှိပြီဖြစ်ပါတယ်။
နိုကိုဥအရွယ်လောက် ရှိပါပြီ။
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း
ကိုယ်အလေးချိန် ၆၆၀ ဂရမ် (၁.၅ ပေါင် ) လောက်ရှိပြီဖြစ်ပါတယ်။ မွေးကင်းစကလေးနဲ့ပိုတူလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားအောက်မှာ အဆီလေးတွေ ရှိလာပြီဖြစ်လို့ပါပဲ။ အရေပြားတွန့်နေတာလေးတွေလည်း ပျောက်လာပါပြီ။
ခြေလက်များ
တချို့ ကျယ်လောင်တဲ့ အသံတွေကြားရင် ရုတ်တရက် ထကန်တာမျိုး တုန့်ပြန်တတ်ပါတယ်။ ဒီအချိန်လေးဟာ မေမေနဲ့ ရင်သွေးလေး အတူတူခံစားပြီး အတူတူ တုန့်ပြန်တဲ့ အထူးအခြေအနေလေးပါပဲ။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်
ရင်သွေးလေးရဲ့ခေါင်းမှာ ဆံပင်လေးတွေ ရှည်လာပါပြီ။ အရောင်အသွေးကတော့မွေးပြီးရင် ပြောင်းနိုင်ပါသေးတယ်။ မျက်လုံးမဖွင့်သေးပေမယ့် အလင်းရောင်ကို ခံစားနိုင်ပါပြီ။ အစာလမ်းကြောင်းဖြစ်တဲ့ အူတွေကလည်း အစာခြေဖို့နဲ့ အစာလမ်းကြောင်းမှာ အစာတွေ ရွေ့လျားဖို့ စတင်လှုပ်ရှားနေပါပြီ။