ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တေွအတွက် အသက်အရွယ်အလိုက် အပြုအမူလေးတေွအလိုက် ဆရာဝန်တေွနဲ့တိုင်ပင်ပြသဖို့ လိုအပ်တဲ့ အနေအထားလေးတေွကို ဖေဖေ၊ မေမေတို့ သတိပြုနိုင်စေဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်လေးတေွကို မှျဝေပေးလိုက်ပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးက အသက် ၁ လကနေ ၄ လကြားမှာရှိရင်တော့ မိခင်ရဲ့မျက်နှာ (ဒါမှမဟုတ်) အရာဝတ္တုတေွကို လိုက်လံမကြည့်တာ၊ အသံပေးပေမယ့် ကလေးငယ်တေွရဲ့ အပြုအမူတေွ မပြောင်းလဲတာ၊ ကလေးကို မြှူတဲ့အခါ ပြန်ပြီး ပြုံးမပြတတ်တာတေွ ကြုံတေွ့နေရပြီဆိုရင် ဆရာဝန်တေွနဲ့ တိုင်ပင်ပြသပေးဖို့ လိုအပ်ပါတယ်နော်။
ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးက အသက် ၆ လအရွယ်ဆိုရင်တော့ လက်သီးအမြဲဆုပ်ထားတာ၊ ခေါင်းမခိုင်တာတေွရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပြသဖို့ လိုပါတယ်။ အသက် ၉ လအရွယ် ဘေဘီလေးတေွှဖစ်မယ်ဆိုရင်တော့ အမှီအတွယ်မရှိရင် မထိုင်နိုင်တာ (လက်ထောက်ပြီးတောင်မထိုင်တာမျိုးတေွအတွက်) ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ အသက် ၁ နှစ်ရောက်လာပြီဆိုရင်တော့ ၀ူးဝူးဝါးဝါးမပြုလုပ်တာ၊ မတ်တပ်မစမ်းတာတေွအတွက် ဆရာဝန်နဲ့တိုင်ပင်ပြသပေးဖို့လိုအပ်ပါတယ်။
အသက် ၂ နှစ်အရွယ်ကလေးတေွရဲ့ ဖေဖေ၊ မေမေတေွကတော့ ရင်သေွးငယ်လေးက ဖေဖေ၊ မေမေတောင်မခေါ်တတ်သေးဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြသပေးပါနော်။ အသက် ၃ နှစ်ရောက်ပြီဆိုရင်တော့ မပြေးနိုင်တာ၊ စကားကောင်းစွာမပြောတာ၊ အသက် ၄ နှစ်မှာ စကားပြောပေမယ့် အခက်အခဲတေွရှိနေပြီး အခြားသူတေွက နားမလည်တာ၊ အခြားကလေးတေွနဲ့မကစားဘဲ တစ်ဦးတည်သီးသန့်နေတာတေွအတွက် မိသားစုတေွက ဆရာဝန်တေွနဲ့ တိုင်ပင်ပြီး ပြသပေးဖို့လိုအပ်ပါတယ်နော်။ ဖေဖေ၊ မေမေတေွအားလုံးကလည်း ရင်သေွးငယ်လေးတေွရဲ့ အခြေအနေ၊ အပြုအမူတေွအားလုံးကို လေ့လာစောင့်ကြည့်ပြီး ကလေးတေွရဲ့ကျန်းမာရေးအခြေအနေကို သိရှိခံစားနိုင်ပါတယ်နော်။
Ref; HM (ကျားလေး)