
၁၉ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ခေါင်းကနေ မြီးညှောင့်ရိုးအထိ ၁၅ စင်တီမီတာ (၆ လက်မ) လောက်ရှိပြီဖြစ်ပါတယ်။

ခရမ်းချဉ်သီး အကြီးစား အရွယ်ဖြစ်နေပါပြီ။
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း
ကိုယ်အလေးချိန် ၂၅၅ ဂရမ် (၈.၅ အောင်စ) လောက်ရှိပြီဖြစ်ပါတယ်။
ခြေလက်များ
ရင်သွေးလေးရဲ့ ခြေတွေ၊လက်တွေ နဲ့ ခန္ဓာကိုယ်ဟာ တစ်ခုနှင့်တစ်ခု အချိုးကျနေပါပြီ။ ရေမြွာရည်ထဲမှာ နေရတဲ့ ရင်သွေးလေး အရေပြား အကာအကွယ်ပေးရအောင် အရေပြားအပေါ်မှာ Vernix Caseosa လို့ခေါ်တဲ့ အဆီလေးတွေ စပေါ်နေပါပြီ။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်
ဦးရေပြားမှာလည်း ဆံပင်မွေးပါးပါးလေး ပေါက်နေပါပြီ။ ရင်သွေးလေးရဲ့ ခန္ဓာကိုယ်မှာ ခံစားမှုအာရုံတွေ ဖွံ့ဖြိုးတိုးတက် နေပါတယ်။ ဦးနှောက်မှာ အထူးအာရုံခံစားမှု - အကြားအာရုံ၊ အနံ့အာရုံ၊ အမြင်အာရုံ၊ အထိအတွေ့အာရုံ၊ အရသာခံစားတဲ့အာရုံ စတာတွေ ခွဲခြားဖြစ်ပေါ်နေပါတယ်။