
အထူးဂရုစိုက်ရမည့် အုပ်စုတွင် မပါပါက ပုံမှန်စောင့်ရှောက်မှုပေးရန် ရက်ချိန်းပေးရပါမည်။ ကိုယ်ဝန် ၂၈ ပတ်မှ ၃၆ ပတ်အထိ ၂ ပတ် တစ်ခါတွေ့ဆုံရန်နှင့် ၃၆ ပတ် ကျော်သွားပါက ၁ ပတ်တစ်ခါ တွေ့ဆုံရန် လိုအပ်ပါသည်။ နောက်တစ်ခေါက် လာဖို့ ရက်ချိန်းပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်ခေါက်လာမဲ့ရက်က ကိုယ်ဝန်သက် ၄၀ ပါတ် ကျော်နေပြီဆိုလျှင် ကလေးတိုး တာကို သတိထားဖို့လိုပါတယ်။ ကလေးနေကောင်းရဲ့လား အကဲခတ်တတ်ဖို့ လိုပါတယ်။ အန္တရာယ် လက္ခဏာ ဖြစ်တဲ့ ကလေးအတိုးနည်းခြင်း အရေးပေါ် အခြေအနေ ဖြစ်လျှင် ဆောင်ရွက်ရန်များကို သိထားဖို့လိုပါတယ်။ ကိုယ်ဝန်သက် ၄၁ပါတ် ပြည့်ပြီ ဆိုရင်တော့ မွေးဖွားဖို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ၄၁ ပါတ်ကျော်ပြီဆိုလျှင် ကြီးထွား လာတဲ့ ကလေးဟာ အချင်းကရမဲ့ အာဟာရနဲ့မလုံလောက်ဘဲ ကလေးနေမကောင်းတာ ဖြစ်နိုင်တဲ့အတွက် မွေးဖွားဖို့ ဆွေးနွေးရပါမယ်။