
-ကိုယ်ဝန် ဒုတိယ ၃ လမှာ မေမေတို့ ခံစားရမဲ့ အာဝေဏိက ဒုက္ခတွေကို ခံစားရ သက်သာ အောင် ဘယ်လို နေထိုင်စားသောက်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေလည်းပေးမှာဖြစ်ပါတယ်။
-ကိုယ်ဝန် ဒုတိယ ၃ လမှာ အနေအထိုင်၊ အစား အသောက်၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သားဆက်ခြားစီမံချက်များနှင့် သတိထားရမဲ့အချက်များကို ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ဆွေးနွေးပြောပြမှာဖြစ်သလို၊ မိမိကလည်း သိလိုသည်များကို မေးမြန်းနိုင်ပါတယ်။
-ကိုယ်ဝန် ဒုတိယ ၃ လမှာ ဖြစ်တတ်တဲ့ အရေးပေါ် အခြေအနေများဖြစ်လာပါက လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
-ကိုယ်ဝန် ဒုတိယ ၃လမှာ ပုံမှန် ဘာဆေးတွေမှီဝဲဖို့ လိုပါသလဲ။
မှတ်တမ်းတင်ခြင်း
စမ်းသပ် စစ်ဆေးတွေ့ရှိချက်များ၊ လိုအပ်သော ကုသမှုများရှိခဲ့လျှင် ကုသမှုများကို ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းတွင် မှတ်တမ်းတင်ပြီး မိခင်ကို ပေးထားပါလိမ့်မယ်။ ဆေးရုံ၊ ဆေးခန်းလာတိုင်း ယူခဲ့ရမှာဖြစ်ပါတယ်။