
၁။ မေမေ နေကောင်းရဲ့လား။ ကိုယ်ဝန်ဆောင် မေမေ ဘာတွေခံစားနေရပါလဲ။
ရောဂါမဟုတ်သော်လည်း သားသားမီးမီးတို့ကို လွယ်ထားရလိုဖြစ်တဲ့ အစားခက်၊ အနေခက်၊ သွားလာလှုပ်ရှားရခက်၊ အလှည့်အစောင်းခက်၊ အထိုင်အထခက်၊ အအိပ်ခက်၊ ဝမ်းသွားရခက်၊ ဆီးသွားရခက် စတဲ့ အာဝေနိက ဒုက္ခတွေ ခံစားနေရလား။ ဘယ်လိုဖြေရှင်းမလဲ- အကြံပေးဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တိုင်းတွင် ကိုယ်ဝန်၏ အာဝေဏိက ဒုက္ခများ အနည်းနှင့်အများ ခံစားရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ အကြံဉာဏ်များ တောင်းနိုင်ပါ တယ်။ ဒုတိယ ၃လနဲ့ တတိယ ၃လ ကိုယ်ဝန် ပြောင်းလဲမှုများနှင့် အာဝေဏိက ဒုက္ခများ အကြောင်းကိုလည်း သိထားရန်လိုအပ်ပါသည်။
ကိုယ်ဝန်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများကြောင့် ခံစားချက်များ (ဥပမာ-သွေးဆင်း၊ ရေဆင်းခြင်း၊ ဗိုက်နာခြင်း၊ ကလေးအတိုးနည်းခြင်းစသည်များ ရှိ၊ မရှိလဲ မေးမြန်ဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူတဲ့တစ်ကြိမ်နဲ့ တစ်ကြိမ်အကြားမှာ ဘာတွေ ဖြစ်သေးသလဲ။ ဥပမာ -ဖျားနာခြင်း၊ သွေးဆင်းခြင်း၊ ထိခိုက်မိခြင်းစတာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြဖို့လို ပါတယ်။ မှတ်တမ်းတင်ထားဖို့လည်း လိုပါတယ်။
မေမေရောနေကောင်းရဲ့လား ဆိုတာ မေးလို့၊ စမ်းလို့ စစ်ဆေးလို့လွယ်ပါတယ်။
၂။ ရင်သွေးလေးနေကောင်းရဲ့လား။
ကိုယ်ဝန် ၁၈-၂၀ ပတ် လောက်မှာ ရင်သွေးလေး လှုပ်ရှားတာ မေမေများ စတင် ခံစားရပြီ ဖြစ်ပါတယ်။ ရင်သွေးလေး ပုံမှန်လှုပ်ရှားနေရင် နေကောင်းတယ်လို့ ယူဆလို့ရပါတယ်။ နေကောင်းနေတဲ့ ရင်သွေးလေးက အမြဲတက်ကြွလန်းဆန်းပြိး လှုပ်ရှားရုန်းကန်နေမှာပါ။ မေမေ တို့လည်း ရင်သွေးလေးနေကောင်း၊ မကောင်း အကဲခတ်တတ်ရပါမယ်။ အမြဲ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုပေးမဲ့သူကလည်း အကဲခတ်ရပါမယ်။
ပုံမှန်မတိုးဘဲ ငြိမ်နေရင် နေမှကောင်းရဲ့ လား စိတ်ပူရပါတယ်။ “မေ့ရင်သွေးလေးနေကောင်းရဲ့လား” မေမေတို့ ကိုယ်တိုင် အကဲ ခတ်တတ်ဖို့ လိုပါတယ်။