
အရေးကြီးတဲ့ အစည်းအဝေး၊ အင်တာဗျူးစတဲ့ အထူးတလည် နေ့ရက်တေွမှာ ဝမ်းချုပ်ပြီး မအီမသာဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အရင် တေွးကြည့်လိုက်ပါ။ ဒါဟာ တကယ့်ကို အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ သက်သောင့်သက်သာ မဖြစ်တဲ့အပြင် တစ်ခုခုကို စားသောက်မိမယ်ဆိုရင်လည်း ဝမ်းဗိုက်ထဲမှာ ရစ်နေပါလိမ့်မယ်။ တကယ်လို့ ဝမ်းချုပ်ဝေဒနာခံစားရပြီး မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ အခု ဖော်ပြပေးမယ့် ဆေးဖက်ဝင်ဖျော်ရည်လေးတေွကို မိမိဘာသာ အိမ်မှာပဲ ဖျော်သောက်ကြည့်လိုက်ပါ။

၁။ သံပုယိုရည်
------------------
သံပုယိုသီး တစ်ခြမ်း၊ ရေနေွးနေွး တစ်ခွက်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ လိုအပ်ပါမယ်။ အရင်ဦးဆုံး ရေနေွးထဲကို သံပုယိုရည် ညှစ်ထည့်ပြီး ပျားရည်၊ သစ်ကြမ်းပိုးခေါက်မှုန့်တို့ကို သမအောင် ရောမေွှပေးလိုက်ပါ။ ပြီးရင် သေချာမေွှပြီးသွားတဲ့အခါမှာတော့ စိတ်ချလက်ချ သောက်သုံးလို့ ရပါပြီ။ သံပုယိုရည်က အမှျင်ဓာတ်နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီးတော့ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ သစ်ကြမ်းပိုးခေါက်မှုန့်ကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီးတော့ ပျားရည်ကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တေွကို ကောင်းကောင်း ဖယ်ရှားပေးပါတယ်။

၂။ လိမ္မော်ရည်
------------------
ဒီဖျော်ရည် ဖျော်ဖို့အတွက် လိမ္မော်သီး ၃ လုံး၊ ၄ လုံးခန့်ရယ် ဆား အနည်းငယ်ရယ် လိုအပ်ပါတယ်။ အရင်ဦးဆုံး လိမ္မော်သီးကို အရည်ညှစ်ပြီးနောက် ဆားထည့်ပြီး သမအောင် မေွှပေးလိုက်ပါ။ ပြီးရင် မေွှပေးပြီးတဲ့နောက်မှာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ လိမ္မော်သီးမှာ ဗီတာမင် စီ၊ သတ္တုဓာတ်နဲ့ အမှျင်ဓာတ်တို့ ပါဝင်ပြီး ရေဓာတ်များလည်း အများအပြား ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီးတော့ ဝမ်းချုပ်ခြင်းကိုလည်း ချက်ချင်း သက်သာစေမှာပဲ ဖြစ်ပါတယ်။

၃။ ဝမ်းချုပ်နေစဉ်မှာ စားသုံးသင့်တဲ့ အခြားအစားအစာများ
-----------------------------------------------------------------
အသီးထဲမှာဆိုရင်တော့ ဇီးသီး၊ သစ်တော်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီးနဲ့ ပန်းသီးတို့ကို စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ နီညိုရောင်ရှိသော သကြားမုန်လာဥနဲ့ တရုတ်နံနံ တို့ပဲဖြစ်ပါတယ်။ အစေ့အဆံထဲမှာဆိုရင်တော့ ဖရုံစေ့၊ အယ်လ်မွန်စေ့၊ ဇီရာစေ့၊ စမုန်းစပါးစေ့တို့ပဲဖြစ်ပါတယ်။ အဆီထဲမှာဆိုရင်တော့ သံလွင်ဆီကို မှီဝဲသင့်ပြီးတော့ ရေများများ သောက်သုံးဖို့လည်း လိုအပ်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တေွကို ဖယ်ရှားပေးမယ့် Detox ဖျော်ရည်လေးတေွလည်း သောက်သုံး ပေးနိုင်ပါတယ်။
#Ref( My Food news - ဝမ်းချုပ်ခြင်းနဲ့ ဆေးဖက်ဝင်ဖျော်ရည်များဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)