ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွရဲ့ ဖွံ့ဖြိုးမှုအတွက် ဖေဖေ၊ မေမေတို့အားလုံးက သတိပြုသင့်တာလေးတေွကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်လေးတေွအတိုင်း ကျားလေးက မှျဝေပေးမယ်နော်။ ကလေးလေးတေွဟာ မေွးစကတည်းကစတင်ပြီး အသိဉာဏ်ရှိသူတေွပါ။ ဘေဘီလေးတေွ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ ချစ်ခင်ကြင်နာမှုလေးတေွ လိုအပ်ပါတယ်။ ကာယ၊ ဉာဏဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတေွှဖစ်ဖို့ဆိုရင်တော့ ပျော်ရွှင်ဖွယ်ရာပတ်ဝန်းကျင်နဲ့ ချစ်ခင်ကြင်နာမှုတေွလိုအပ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း မိဘတေွသာမကဘဲ ကလေးတေွကို ချော့မြူတဲ့သူတေွ၊ ထိန်းတဲ့သူတေွအားလုံးက ကလေးငယ်ကို ဂရုတစိုက်ပြုံးပြီး ချော့မြူတာ၊ စကားပြောပေးတာ၊ ချစ်ခင်ကြင်နာတဲ့ အပြုအမူတေွှပုလုပ်ပေးဖို့ လိုအပ်ပါတယ်။
နောက်ပြီးအဲ့ဒီလို ချော့မြူချစ်ခင်ချိန်မှာ ကလေးငယ်ရဲ့ တုံ့ပြန်မှုကိုလည်း ဂရုပြု၊ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။ နောက်ပြီး ကလေးရဲ့ပတ်ဝန်းကျင်မှာ ရောင်စုံကစားစရာတေွ၊ အရုပ်တေွ၊ ရုပ်ပုံတေွ ထားရှိပေးဖို့လည်း လိုအပ်ပါတယ်။ ကလေးတေွကို အန္တရာယ်ကင်းတဲ့ ကစားစရာတေွနဲ့ ကစားစေဖို့လည်း လိုပါတယ်။ အဲ့ဒီလိုကစားမှလည်း ကလေးတေွက ပတ်ဝန်းကျင်အကြောင်းကို သိရှိနားလည်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုသာမက ကလေးငယ်တေွရဲ့ ပြောဆိုဆက်ဆံရေးကိုလည်း တိုးတက်လာစေမှာပါနော်။ ကစားရာမှာတော့ ကလေးတစ်ဦးတည်းဖြစ်စေ၊ အခြားကလေးတေွနဲ့အတူတူဖြစ်စေ ကစားစေလို့ ရပါတယ်။ တန်ဖိုးကြီးအရုပ်တေွရှိမှမဟုတ်ဘဲ အိမ်တွင်းအသုံးအဆောင်တေွ၊ တတ်နိုင်တဲ့အရုပ်ငယ်လေးတေွနဲ့လည်း ကစားစေလို့ ရပါတယ်နော်။
နောက်ပြီးကလေးတေွ ကစားတဲ့အခါမှာ ဘေးအန္တရာယ်ကင်းဖို့အတွက် အရေးကြီးတာကြောင့်လည်း ကလေးကစားတဲ့အနီးတစ်ဝိုက်မှာ ထိခိုက်ဒဏ်ရာရစေနိုုင်တဲ့ ပစ္စည်းတေွမရှိစေဖို့ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ မိဘတေွကိုယ်တိုင်က ကလေးတေွ အန္တရာယ်ကင်းကင်းကစားနိုင်ဖို့ ဖန်တီးပေးတာ၊ ကိုယ်တိုင်ပါ၀င်ကစားပေးတာ၊ ကလေးကိုယ်တိုင်ကြိုးစားခွင့်အတွက် ဖန်တီးပေးတာတေွှပုလုပ်ပြီး ကလေးငယ်ရဲ့ ဖံွံ့ဖြိုးမှုအတွက် ဖေဖေ၊ မေမေတေွအားလုံးက လေ့ကျင့်ပေးနိုင်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
>>>> Unicode Version <<<<
ကလေးငယ်များရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်
ဖေဖေ၊ မေမေတို့ရေ ရင်သွေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် ဖေဖေ၊ မေမေတို့အားလုံးက သတိပြုသင့်တာလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်လေးတွေအတိုင်း ကျားလေးက မျှဝေပေးမယ်နော်။ ကလေးလေးတွေဟာ မွေးစကတည်းကစတင်ပြီး အသိဉာဏ်ရှိသူတွေပါ။ ဘေဘီလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ ချစ်ခင်ကြင်နာမှုလေးတွေ လိုအပ်ပါတယ်။ ကာယ၊ ဉာဏဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေဖြစ်ဖို့ဆိုရင်တော့ ပျော်ရွှင်ဖွယ်ရာပတ်ဝန်းကျင်နဲ့ ချစ်ခင်ကြင်နာမှုတွေလိုအပ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း မိဘတွေသာမကဘဲ ကလေးတွေကို ချော့မြူတဲ့သူတွေ၊ ထိန်းတဲ့သူတွေအားလုံးက ကလေးငယ်ကို ဂရုတစိုက်ပြုံးပြီး ချော့မြူတာ၊ စကားပြောပေးတာ၊ ချစ်ခင်ကြင်နာတဲ့ အပြုအမူတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
နောက်ပြီးအဲ့ဒီလို ချော့မြူချစ်ခင်ချိန်မှာ ကလေးငယ်ရဲ့ တုံ့ပြန်မှုကိုလည်း ဂရုပြု၊ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။ နောက်ပြီး ကလေးရဲ့ပတ်ဝန်းကျင်မှာ ရောင်စုံကစားစရာတွေ၊ အရုပ်တွေ၊ ရုပ်ပုံတွေ ထားရှိပေးဖို့လည်း လိုအပ်ပါတယ်။ ကလေးတွေကို အန္တရာယ်ကင်းတဲ့ ကစားစရာတွေနဲ့ ကစားစေဖို့လည်း လိုပါတယ်။ အဲ့ဒီလိုကစားမှလည်း ကလေးတွေက ပတ်ဝန်းကျင်အကြောင်းကို သိရှိနားလည်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုသာမက ကလေးငယ်တွေရဲ့ ပြောဆိုဆက်ဆံရေးကိုလည်း တိုးတက်လာစေမှာပါနော်။ ကစားရာမှာတော့ ကလေးတစ်ဦးတည်းဖြစ်စေ၊ အခြားကလေးတွေနဲ့အတူတူဖြစ်စေ ကစားစေလို့ ရပါတယ်။ တန်ဖိုးကြီးအရုပ်တွေရှိမှမဟုတ်ဘဲ အိမ်တွင်းအသုံးအဆောင်တွေ၊ တတ်နိုင်တဲ့အရုပ်ငယ်လေးတွေနဲ့လည်း ကစားစေလို့ ရပါတယ်နော်။
နောက်ပြီးကလေးတွေ ကစားတဲ့အခါမှာ ဘေးအန္တရာယ်ကင်းဖို့အတွက် အရေးကြီးတာကြောင့်လည်း ကလေးကစားတဲ့အနီးတစ်ဝိုက်မှာ ထိခိုက်ဒဏ်ရာရစေနိုုင်တဲ့ ပစ္စည်းတွေမရှိစေဖို့ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ မိဘတွေကိုယ်တိုင်က ကလေးတွေ အန္တရာယ်ကင်းကင်းကစားနိုင်ဖို့ ဖန်တီးပေးတာ၊ ကိုယ်တိုင်ပါဝင်ကစားပေးတာ၊ ကလေးကိုယ်တိုင်ကြိုးစားခွင့်အတွက် ဖန်တီးပေးတာတွေပြုလုပ်ပြီး ကလေးငယ်ရဲ့ ဖွံံ့ဖြိုးမှုအတွက် ဖေဖေ၊ မေမေတွေအားလုံးက လေ့ကျင့်ပေးနိုင်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)