• မိခင်တွေအနေနဲ့ နို့တိုက်တဲ့ကလေးကို ညဘက်မှာခံတွင်းလေးသန့်ပြီးမှ ပြန်သိပ်လိုက်တဲ့အခါကျတော့ ပိုကောင်းတာပေါ့။
•
• တစ်နှစ်လောက်ရောက်ပြီဆိုရင်တော့ သိလာပြီ။ အဲဒီအချိန် သွားတွေက အချောင်း ၁၀ မဟုတ်တောင် ၁၀ချောင်းပတ်ဝန်းကျင်လောက်တော့ ပေါက်နေပြီလေ။
•
• ပေါက်သမျှသွားလေးတွေကို အမေက ကလေးသွားပွတ်တံလေးနဲ့တိုက်ခိုင်းမယ်။ အာလုပ်ကျင်းမယ်။
• အနည်းဆုံး ညအိပ်ရာဝင်မှာအာလုတ်ကျင်း တတ်အောင်သင်ပေးမယ်ဆိုရင် ကလေးတွေမှာသွားပိုးစားတယ်ဆိုတာကလည် းကင်းသွားမယ်။
သွားပိုးစားတာဟာ အမှန်ကပိုးကောင်က စားတာမဟုတ်ဘူး ကိုယ်သောက်လိုက်တဲ့နို့တို့၊ ထမင်းတို့ကနေ ကစီဓါတ်တွေကနေ တံတွေးနဲ့ထိပြီး
အချဉ်ပေါက်ရာကနေ လက်တစ်အက်ဆစ် (Lactic Acid) က စားသွားသလိုမျိုး ဖြစ်ပါတယ်။
အပေါ်မှာ (Enamel) ဆိုတဲ့ ကြွေသွားလွှာပါ။
နောက် (Dentine) ပါ။
(Dentine) ဆိုတဲ့ ဆင်စွယ်နှစ်လွှာကို ရောက်တော့ ပထမပိုင်း ဆင်စွယ်နှစ်လွှာမှာ ကိစ္စမရှိဘူး
အောက်ပိုင်း ဆင်စွယ်နှစ်လွှာကိုရောက်တော့ အကြောနဲ့နီးလာတယ်။
နောက်ဆုံးကြတော့ Pulpလို့ခေါ်တဲ့ မွသွားလွှာပေါ့
မွသွားလွှာကတော့ အရေးကြီးပါတယ်။
မွသွားလွှာက အာရုံခံစားတဲ့သွေးကြောတွေရှိလို့ပါ။
အာရုံခံစားတဲ့ အပိုင်းကိုထိသွားပြီး ကလေးက ကျင်တယ် ကိုက်တယ်တွေဖြစ်လာတယ်။
ဒါကိုမှမိဘက ပစ်ထားမယ်ဆိုရင် အာရုံခံစားတဲ့ မွသွားလွှာလေးကိုထိသွားပြီး ကလေးလးက နို့ကောင်းကောင်းမစို့၊ အစာကောင်းကောင်းမစားဘဲ မိခင်ကိုဒုက္ခပေးလာပြီး မိခင်မနားရတော့ဘူး။
နောက်ဆုံးဆေးသောက်လို့ ပျောက်သွားမယ်ဆိုရင်တောင် ကုသမှုအစစ် မဟုတ်တော့ဘူး။
သွားကိုက်မှ နှုတ်ရမယ်ဆိုရင် ကလေးအနေနဲ့နာတဲ့အခါ သွားဆရာဝန်ဆီကို မသွားချင်တော့ဘူး။
ဒါကြောင့် သွားတိုက်ဆေးကို ကလေးတွေကြိုက်တဲ့ ပီကေနံ့ ( ဥပမာ- စတော်ပယ်ရီလို ) အနံ့ လေးတွေနဲ့ သွားတိုက်ဆေးကို သုံးပေးရပါမယ်။
သွားတိုက်တံကိုလည်း ကလေးတွေတိုက်ချင်လာအောင် ကလေးတွေစိတ်ဝင်စားတဲ့ အရုပ်ကလေးတွေနဲ့ သွားတိုက်တံလေးတွေသုံးပေးရမယ်။
သွားနှင့်ခံတွင်းဟာ ကလေးအရွယ်တွင်ပါမက လူကြီးဖြစ်သွားတဲ့အထိ အရေးကြီးပါတယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ မေလ ထုတ်တွင် ဒေါက်တာဝင်းမာသစ် ၏ အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing