
ဝမ်းပျက်ဝမ်းလျောဖြစ်ရင် ကလေးပါပျက်တတ်ပါတယ်။ လမစေ့ဘဲ မွေးတတ်ပါတယ်။
အစားမှားသွားတယ်။ ပိုးပါတဲ့ဟာ မသန့်တဲ့အစားအသောက်တွေကို စားလိုက်သောက်လိုက်မိရင် အူလမ်းကြောင်းမှာ infection ရသွားတတ်ပါတယ်။ အဲ့ဒီအခါမှာ အူတွေရဲ့ လှုပ်ရှားမှုတွေမြန်လာပြီး ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်တတ်တယ်။ အဲလိုဝမ်းပျက်ဝမ်းလျောဖြစ်ရင် ကလေးပါ ပျက်တတ်တယ်။ အဲဒါကြောင့် ကြိုက်တာစားလို့ရတယ်ဆိုပေမဲ့ စားတဲ့ဟာသည် သန့်ရှင်းလတ်ဆတ်ပူနွေးရမယ်။ ဝမ်းမပျက်စေရပါဘူး။