
ကိုယ်ဝန်မှာ ဝမ်းချုပ်တော့ ဝမ်းနှုတ်ဆေးစားလိုက်ရင်ကောင်းမှာပဲဆိုပြီး ဝမ်းနှုတ်ဆေးပြင်းပြင်းတွေ စားလိုက်မိရင် အဲဒီဝမ်းနှုတ်ဆေးပြင်းပြင်းတွေက ကလေး ပျက်တတ်တယ်။ ကိုယ်ဝန်မှာ ဝမ်းနှုတ်ဆေး မသောက်သင့်ပါဘူး။ ဝမ်းပျော့စေရန် အစားနဲ့သာ ထိမ်းသင့်ပါတယ်။ အရည် များများသောက်၊ အသီးအနှံများများစားပေးပါ။ အလွန်ဆုံးသောက်ချင်လျှင် Milk of Megnesium (MOM) လို ဝမ်းပျော့ဆေးလောက်သာ သောက်သင့်ပါတယ်။