
ကိုယ်ဝန်သန္ဓေတည်ခါစလေး အချိန်အခါမှာ အတွယ်ကလည်း မမြဲသေးတဲ့အချိန်မှာ သန္ဓေသားလေး အတွယ်မြဲစေဖို့ ထွက်တဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းဟာ သားအိမ် ကြွက်သားတွေကို ငြိမ်စေရုံမက အစာလမ်းကြောင်း ကြွက်သားတွေကိုပါ ငြိမ်သွားစေတဲ့အတွက် လေတွေပွပြီး ဝမ်းချုပ်တတ်တာပါ။ သားအိမ်ကို ငြိမ်အောင်လုပ်ရင်းနဲ့ အူတွေကိုပါ ငြိမ်သွားစေတော့ ဝမ်းချုပ်တယ်။ လေတွေပွတယ်။ မအီမသာဖြစ်တယ်။ ဝမ်းချုပ်တာဟာ ကိုယ်ဝန်ရဲ့သဘာဝပါ။ ကိုယ်ဝန်စရှိပြီ ရက်လွန်ပြီ ဆိုတာနဲ့ ဝမ်းချုပ်တာက ဖြစ်ပါတယ်။