
လိပ်ခေါင်းက စအို အတွင်းပိုင်းမှာရှိရင် မသိသာပါဘူး။ အပြင်လိပ်ခေါင်းဖြစ်လျှင် စအိုအဝနားမှာ ယားတတ်ပါတယ်။ ဖေါင်းနေတဲ့သွေးကြောကို စမ်းမိနိုင်ပါ တယ်။ ပြန်ပြီးသွင်းလို့ရနိုင်ပါတယ်။ တခါတရံ ဝမ်းသွားပြီးတဲ့အခါမှာ စအိုမှ သွေးနီနီများ ကျတတ် ပါတယ်။ တခါတလေ ပြန်မဝင်ဘဲ အပြင်မှာရှိနေပြီး လိပ်ခေါင်းဖြစ်နေတဲ့ သွေးကြောထုံးနေတဲ့အထဲမှာ သွေးခဲ သွားတတ်ပါတယ်။ အဲ့ဒီလိုသွေးခဲသွားရင်တော့ နာနေပါလိမ့်မယ်။ ဝမ်းသွားတဲ့အခါမှာ ပိုနာတတ်ပါ တယ်။