
လရင့်လာလေလေ ကြီးထွားလာပြီဖြစ်တဲ့ ကလေးရဲ့ ဖိအားကများလာလေလေ၊ ရိုးကွင်းထဲ ကလေး ဦးခေါင်းစိုက်လေလေ ရိုးကွင်းထဲက သွေးပြန်ကြောကြီးတွေကိုဖိလေလေ လိပ်ခေါင်းက ပိုဆိုးလေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်မှာ ဝမ်းချုပ်တာတွဲနေတတ်တော့ ဝမ်းညှစ်လေ သွေးကြောတွေက ဖောင်းလေဖြစ်တတ်ပါတယ်။ ဝမ်းခဏခဏပျက်ရင် အိမ်သာခဏခဏ ထိုင်ရရင် လည်းဖြစ်တတ်၊ ပိုဆိုးတတ်ပါတယ်။