
ကိုယ်ဝန်ရဲ့ ပြောင်းလဲမှုတွေကြောင့် ကိုယ်ဝန်မှာ လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။ ချေထောက်မှာ သွေးကျောထုံးသလိုဘဲ စအိုနဲ့ အစာဟောင်းအိမ်ဘေးမှာရှိတဲ့သွေးပြန်ကြောတွေက ကိုယ်ဝန်မှာ ကလေးနဲ့ သားအိမ်က ဖိထားတာကြောင့် သွေးလည်ပါတ်မှုမကောင်းဘဲ သွေးအိုင်ရာက သွေးပြန် ကြောတွေ ကျယ်လာပြီး ဖေါင်းလာတာပါ။ ကြာကြာရပ်ရတဲ့သူတွေမှာ ခြေသလုံးမှာ သွေးကြောထုံးသလိုပဲ ၊ ကိုယ်ဝန်မှာ လိပ်ခေါင်းဖြစ်ရတာပါ။ ကြာကြာထိုင်တဲ့သူ၊ ဝမ်းချုပ်လို့ ညှစ်ရတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။