Kyarlay.com

almost 2 years

၀မ္းပ်က္၊ ၀မ္းေလွ်ာကေလးငယ္မ်ားကို အိမ္မွာ ဘယ္လိုျပဳစုေစာင့္ေရွာက္မလဲ


Erc3mthdhnchyvsdzwwf

ေမေမ၊ ေဖေဖတို႕ေရ ၀မ္းပ်က္၊ ၀မ္းေလွ်ာေနတဲ့ ကေလးငယ္ေတြကို မိမိတို႕ရဲ႕ေနအိမ္မွာ ေသခ်ာျပဳစုေစာင့္ေရွာက္ေပးမွလည္း ေဘဘီေလးေတြရဲ႕ ေ၀ဒနာအျမန္ဆံုးသက္သာေစႏိုင္မွာေနာ္။ အဲ့ဒါေၾကာင့္ ၀မ္းပ်က္၊ ၀မ္းေလွ်ာကေလးငယ္ေလးေတြကို ေနအိမ္မွာျပဳစုႏိုင္မယ့္္နည္းလမ္းေလးေတြအတြက္ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေလးေတြကို က်ားေလးက ျပန္ၿပီး မွ်ေ၀ေပးမယ္ေနာ္။



Q9evbnuv1izfn0eqa1kn

ေမေမတို႕ေရ ၀မ္းပ်က္၊ ၀မ္းေလွ်ာေနတဲ့ ကေလးငယ္ကို သူေသာက္ႏိုင္သေလာက္ေလး ဓာတ္ဆားရည္မ်ားမ်ားတိုက္ေပးပါ။ ၀မ္းသြားတဲ့အတြက္ ခႏၶာကိုယ္ကဓာတ္ဆားရည္ေတြ ေလ်ာ့နည္းသြားတာေၾကာင့္ အခ်ိန္မီျပန္ၿပီး မျဖည့္တင္းႏိုင္ဘူးဆိုရင္ ကေလးငယ္ရဲ႕ကိုယ္ခံအားၿပီး အသက္ဆံုးရံႈးတဲ့အထိ ျဖစ္တတ္ပါတယ္ေနာ္။ ေနာက္ၿပီး ေဖေဖ၊ ေမေမေတြသတိထားဖို႕က ၀မ္းသြားတဲ့ကေလးငယ္ေတြကို ၀မ္းပိတ္ေဆး၊ အအန္ေပ်ာက္ေဆးေတြ လံုး၀ (လံုး၀) မတိုက္မိပါေစနဲ႕ေနာ္။ စြပ္ျပဳတ္၊ ဆန္ျပဳတ္၊ ျမဴစြမ္ျပဳတ္၊ ေခါက္ဆြဲျပဳတ္၊ ေရက်က္ေအးနဲ႕ လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္ေတြကိုေတာ့ တိုက္ေကၽြးႏိုင္ပါတယ္ေနာ္။ မိခင္ႏို႕တိုက္ေနရတဲ့ ကေလးေတြဆိုရင္ေတာ့ မိခင္ႏို႕ကို အရင္ကထက္ပိိုၿပီး တိုက္ေပးဖို႕လိုပါတယ္။ ကေလးငယ္ေတြကို ၀မ္းပ်က္၊ ၀မ္းေလွ်ာတဲ့အခါ အစားမေကၽြးတာ၊ အစားေလွ်ာ့ေကၽြးတာေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္ေမေမတို႕ေရ။ ၀မ္းရပ္သြားတယ္ဆိုရင္ေတာင္ ပံုမွန္ထက္တစ္နပ္ပိုေကၽြးတာကို တစ္ပတ္ေလာက္ဆက္ၿပီး ေကၽြးသင့္ပါတယ္ေနာ္။


Qrrrotwoi1zwq6xsm3kx

ေနာက္ၿပီး ဇင့္ဆာလ္ဖိတ္ေဆးျပားကို ေဘဘီေလးေတြ၀မ္းရပ္သြားရင္ေတာင္ ေနာက္ထပ္ ၁၀ ရက္ျပည့္တဲ့အထိ ဆက္ၿပီးေကၽြးသင့္ပါတယ္။ ေနာက္ၿပီး ေဖေဖ၊ ေမေမေတြသတိထားဖို႕က ၀မ္းပ်က္၊ ၀မ္းေလွ်ာေနတဲ့ ကေလးငယ္ေတြ အစားမစားႏိုင္တာ (ဒါမွမဟုတ္) ေရမေသာက္ႏိုင္တာ၊ ၀မ္းပိုသြားတာ၊ မၾကာခဏအန္တာ၊ ေရအရမ္းငတ္လာတာမ်ဳိးေတြ၊ ဖ်ားလာတာ၊ ၀မ္းအတြင္းေသြးပါလာတာမ်ဳိးေတြကို ေတြ႕ရၿပီဆိုရင္ေတာ့ အခ်ိန္ဆိုင္းမေနဘဲနဲ႕ နီးစပ္ရာဆရာ၀န္ဆီအျမန္သြားဖို႕အတြက္ သတိျပဳေပးပါေနာ္။ ေဖေဖ၊ ေမေမေတြအားလံုးက ကေလးငယ္ေတြကို အနီးကပ္ေသခ်ာေစာင့္ေရွာက္ၿပီး ထူးျခားမႈတစ္ခုခုေတြ႕ရၿပီဆိုတာနဲ႕ အခ်ိန္မီကုသေပးႏိုင္ဖို႕ လိုအပ္ပါတယ္ေနာ္။

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Swxc8xc1vuom1qyxsczz

၀မ်းပျက်၊ ဝမ်းလျှောကလေးငယ်များကို အိမ်မှာ ဘယ်လိုပြုစုစောင့်ရှောက်မလဲ

မေမေ၊ ဖေဖေတို့ရေ ဝမ်းပျက်၊ ဝမ်းလျှောနေတဲ့ ကလေးငယ်တွေကို မိမိတို့ရဲ့နေအိမ်မှာ သေချာပြုစုစောင့်ရှောက်ပေးမှလည်း ဘေဘီလေးတွေရဲ့ ဝေဒနာအမြန်ဆုံးသက်သာစေနိုင်မှာနော်။ အဲ့ဒါကြောင့် ဝမ်းပျက်၊ ဝမ်းလျှောကလေးငယ်လေးတွေကို နေအိမ်မှာပြုစုနိုင်မယ့်နည်းလမ်းလေးတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်လေးတွေကို ကျားလေးက ပြန်ပြီး မျှဝေပေးမယ်နော်။

မေမေတို့ရေ ဝမ်းပျက်၊ ဝမ်းလျှောနေတဲ့ ကလေးငယ်ကို သူသောက်နိုင်သလောက်လေး ဓာတ်ဆားရည်များများတိုက်ပေးပါ။ ဝမ်းသွားတဲ့အတွက် ခန္ဓာကိုယ်ကဓာတ်ဆားရည်တွေ လျော့နည်းသွားတာကြောင့် အချိန်မီပြန်ပြီး မဖြည့်တင်းနိုင်ဘူးဆိုရင် ကလေးငယ်ရဲ့ကိုယ်ခံအားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်နော်။ နောက်ပြီး ဖေဖေ၊ မေမေတွေသတိထားဖို့က ဝမ်းသွားတဲ့ကလေးငယ်တွေကို ဝမ်းပိတ်ဆေး၊ အအန်ပျောက်ဆေးတွေ လုံး၀ (လုံးဝ) မတိုက်မိပါစေနဲ့နော်။ စွပ်ပြုတ်၊ ဆန်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ရေကျက်အေးနဲ့ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကိုတော့ တိုက်ကျွေးနိုင်ပါတယ်နော်။ မိခင်နို့တိုက်နေရတဲ့ ကလေးတွေဆိုရင်တော့ မိခင်နို့ကို အရင်ကထက်ပိုပြီး တိုက်ပေးဖို့လိုပါတယ်။ ကလေးငယ်တွေကို ဝမ်းပျက်၊ ဝမ်းလျှောတဲ့အခါ အစားမကျွေးတာ၊ အစားလျှော့ကျွေးတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်မေမေတို့ရေ။ ဝမ်းရပ်သွားတယ်ဆိုရင်တောင် ပုံမှန်ထက်တစ်နပ်ပိုကျွေးတာကို တစ်ပတ်လောက်ဆက်ပြီး ကျွေးသင့်ပါတယ်နော်။

နောက်ပြီး ဇင့်ဆာလ်ဖိတ်ဆေးပြားကို ဘေဘီလေးတွေဝမ်းရပ်သွားရင်တောင် နောက်ထပ် ၁၀ ရက်ပြည့်တဲ့အထိ ဆက်ပြီးကျွေးသင့်ပါတယ်။ နောက်ပြီး ဖေဖေ၊ မေမေတွေသတိထားဖို့က ဝမ်းပျက်၊ ဝမ်းလျှောနေတဲ့ ကလေးငယ်တွေ အစားမစားနိုင်တာ (ဒါမှမဟုတ်) ရေမသောက်နိုင်တာ၊ ဝမ်းပိုသွားတာ၊ မကြာခဏအန်တာ၊ ရေအရမ်းငတ်လာတာမျိုးတွေ၊ ဖျားလာတာ၊ ဝမ်းအတွင်းသွေးပါလာတာမျိုးတွေကို တွေ့ရပြီဆိုရင်တော့ အချိန်ဆိုင်းမနေဘဲနဲ့ နီးစပ်ရာဆရာဝန်ဆီအမြန်သွားဖို့အတွက် သတိပြုပေးပါနော်။ ဖေဖေ၊ မေမေတွေအားလုံးက ကလေးငယ်တွေကို အနီးကပ်သေချာစောင့်ရှောက်ပြီး ထူးခြားမှုတစ်ခုခုတွေ့ရပြီဆိုတာနဲ့ အချိန်မီကုသပေးနိုင်ဖို့ လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)