
ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ကလေးမွေးတဲ့အခါမှာ လွယ်ကူစေရန် အဆစ်၏ ဘေးပါတ်ခြာလည်တွင် ရှိသော အရွတ် များ ပျော့ပြောင်းလာစေဖို့ထွက်တဲ့ Relaxin ခေါ်တဲ့ဟော်မုန်း ကြောင့် ရိုးကွင်းတွင်ရှိသော အဆစ်များ ချောင် လာကြပါတယ်။ ကိုယ်ဝန်မရှိတဲ့အချိန်မှာ မလှုပ်တတ်တဲ့ ဆီးခုံရိုး၂ခု ဆက်တဲ့ နေရာ (အဆစ်) ဟာ လမ်းလျောက်တိုင်း လှုပ်လာတတ်ပါတယ်။ မြီးညှောင်ရိုးနဲ့ တင်ပါးခွက်ရိုး ဆက်တဲ့အဆစ်များဟာ အိပ်ယာထဲ မှာ တစ်ဘက်က တစ်ဘက် လှည့်တဲ့အခါ လှုပ်တဲ့အတွက် နာတတ်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါ ကြီးထွားလာတဲ့ ရင်သွေးလေးကို မိမိ ဝမ်းကြာတိုက်မှာ သယ်ထားတဲ့အခါမှာ အရှေ့ကို ပူထွက်လာတဲ့ ဗိုက်ကို ပြန်ထိမ်းနိုင်ဖို့အတွက် ခါးကိုကော့ ထားရပါတယ်။

အဲ့ဒါကြောင့် မေမေ ကြာကြာထိုင်တဲ့အခါ၊ ကြာကြာရပ်တဲ့အခါမှာ ခါးနာတတ်တာပါ။ ပက်လက်ကြာကြာအိပ်ရင်လည်း အိပ်ယာထမှာ ခါးနာတတ်ပါ တယ်။ လရင့်လာတာနဲ့ အမျှ မေမေလှုပ်ရှားမှုပြုတိုင်း နာနေတတ်ပါတယ်။ ကိုယ်ဝန် ၃၆ပတ်ကျော်လို့ ရိုကွင်းထဲ ခေါင်းစိုက်ပြီဆိုရင် ပိုပြီးနေရထိုင်ရ လမ်းလျှောက်ရ ခက်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ထားတဲ့မေမေများဟာ ကြာကြာထိုင်ခြင်း၊ ကြာကြာရပ်ခြင်း ပက်လက်အိပ်ခြင်း တွေကို ရှောင်ရပါမယ်။ အိပ်တဲ့အခါမှာ ခါးမလိမ်နေစေဖို့ ပက်လက်ပြန်မလန်သွားစေဖို့ ဖက်လုံး အသုံးပြုပြီး အိပ်သင့်ပါတယ်။