
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အများအားဖြင့် ကျန်းမာရေးနဲ့ပြည်စုံကြလို့ အထူးသဖြင့် မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပြည့်စုံကြလို့သာ ကိုယ်ဝန်ဆောင်ကြတာပါ။ မိသားစု မိတ်ဆွေအားလုံးကလည်း ပျော်ရွင်နေကြ ပြီး ပြီးပြည့်စုံကြတဲ့ မိသားစုဘဝရရှိဖို့ပဲ မျှော်မှန်းထားကြတာပါ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ မျိုးဆက်ထိန်းသိမ်းဖို့ လောကဓမ္မတာ တစ်ရပ်လို့လည်း သိထားကြပါတယ်။ စိတ်ကူးယဉ်အိပ်မက်လေးတွေ တနေ့တမျိုး မက်ပြီး သားသားမီးမီးတို့မွေးဖွားမဲ့ရက်ကို လက်ချိုးရေတွက်ရင်း ကျန်းမာရွှင်လန်းတဲ့ သားသား မီးမီးတို့ကို မျှော်မှန်းပြီး စောင့်ခဲ့ကြတာပါ။ အားလုံးက ပျော်ရွှင်ဖွယ်ရာတွေကိုပဲ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန် ဆောင်စဉ်၊ မီးဖွားစဉ်နဲ့မီးတွင်းကာလတလျှောက်မှာ မမျှော်လင့်ဘဲ မမျှော်မှန်းထားတာတွေ ဖြစ်လာတတ်ပါ တယ်။ မိခင်နဲ့ ကလေးအတွက် စိတ်ပူစရာတွေဖြစ်လာတတ်ပါတယ်။ မိသားစုရဲ့ စိတ်ကူးယဉ်အိပ်မက် ကလေး တွေကို ပျက်စီးစေမယ့် အကြောင်းအရာ အများစုဟာ ကာကွယ်လို့ရပါတယ်။ တားဆီးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်တာ ရောဂါတစ်ခု မဟုတ်ပေမဲ့ အန္တရာယ်ကင်းရှင်းစွာ မိခင်ကလေးကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရပါမယ်။ ဇနီးမောင်နှံနှစ်ယောက်အပြင် မိသားစုဝင်များပါ ကျန်းမာရေး အသိပညာများကြွယ်ဝစွာဖြင့်စောင့်ရှောက်ကြဖို့လိုပါတယ်။

ဒုတိယ ၃လ မှာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ဘယ်လောက်ခြားပြီး ဆက်ခံယူမလဲ?
