
မေမေရဲ့ ခြေမျက်စေ့လေးတွေ၊ ခြေဖမိုးလေးတွေ ယောင်နေတတ်ပါတယ်။ အထူးသဖြင့် ညနေဘက်မျိုးမှာ ပိုယောင်တတ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ?
ရင်သွေးလေးနဲ့ သားအိမ်က ခြေထောက်ကလာမဲ့ သွေးပြန်ကြောတွေကို ဖိထားတဲ့အတွက် ခြေသလုံးမှာ သွေးအိုင်ပြီး ရောင်ရ တာဖြစ်ပါတယ်။ ထိုင်တဲ့အခါ၊ ရပ်တဲ့အခါနဲ့ ပက်လက်အိပ်တဲ့အခါ ရင်သွေးလေးနဲ့ သားအိမ်က ချေထောက်ပိုင်း ကလာတဲ့ သွေးပြန်ကြောကြီးတွေကို ဖိထားတာကြောင့် သွေးလည်ပါတ်မှုမကောင်းဘဲ ချေထောက်များ ဖေါယောင်တတ်ပါတယ်။ အထိုင်များတဲ့အခါ၊ အရပ်များတဲ့အခါနဲ့ ပက်လက်အိပ်တဲ့အခါ ပိုဖြစ် တတ်ပါတယ်။အမွှာကိုယ်ဝန်တွေမှာ ပိုဖြစ်တတ်ပါတယ်။
စိုးရိမ်ရလား?
ခြေထောက်ပိုင်းမှာ အနည်းအကျဉ်း ရောင်တတ်တာ ကိုယ်ဝန်ဆောင်စဉ် အဖြစ်များပြီး အန္တရယ် မရှိတတ်ပေမဲ့ ခြေထောက်ပိုင်းမှာ ရုတ်တရက် ဖေါရောင် ခြင်းဖြစ်ခြင်း၊ လက်ချောင်းများနှင့် မျက်နှာ ဖေါရောင်ခြင်းများဖြစ်ရင် ကိုယ်ဝန်ဆိပ်တက်တာဖြစ်တတ်ပါတယ်။ အန္တရာယ်ရှိပါတယ်။ ခြေထောက်မှာသွေးအိုင်တာများရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက်သွေးလှည့်ပါတ်တဲ့ သွေးပမာဏ လျော့နည်းသွားတတ်ပါတယ်။ ရင်သွေးလေးဆီသွားတဲ့ ပမာဏလည်း လျော့နည်းသွားတတ်ပါတယ်။ ချေထောက်ပိုင်းမှ ပြန်လာတဲ့ သွေးဟောင်းများ ချေထောက် ပိုင်းမှာ အိုင်နေတဲ့အတွက် ကြွက်တက်ခြင်းလည်းဖြစ်တတ်ပါတယ်။
သက်သာအောင် ဘယ်လို လုပ်ရမလဲ?
ခြေထောက်မှာ သွေးလည်ပါတ်မှု ကောင်းအောင် လမ်လျှောက်ပေးရပါမယ်။ ဒါမှမဟုတ် ခြေမျက်စေ့မှ ခြေထောက်ကို ကော့လိုက် ကုတ်လိုက် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ကြာကြာ ရပ်ခြင်း ကြာကြာထိုင်ခြင်း ပက်လက်အိပ်ခြင်းကို ရှောင်ရပါမယ်။ ဘေးစောင်းလှဲပြီး နားပါ။