စျေး မီဒီယာ

Posted by Moekalay April 21, 2020

ကလေးရေချိုးနည်း
=============

ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတေွကတော့ ….
(၁) ရေချိုးဇလုံ ၁ ခု
(၂) ရေချိုးဆပ်ပြာရည်
(၃) လက်ကိုင်တာဝါအသေး တစ်ထည်
(၄) ကလေးနားကြပ်တောင်လေးတေွပါပဲ။ ရေအပူချိန်တိုင်းမဲ့ ကိရိယာလေးလည်း ဆောင်ထားသင့်ပါတယ်။
(၅) ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။

ကလေးရေမချိုးခင် ကိုယ်အပူချိန် အရင်ဆုံး တိုင်းထားသင့်ပါတယ်။ ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နေွမှာဆို ၃ရ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။

ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲ သို့ ကုတင်ပေါ်မှာ ကလေးအနီှးဒိုင်ဗာကို ဖြန့်ပါ။ အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့အပေါ်အကျီကို တခါတည်းပြင်ပေးပါ။ အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။

ကလေးကို အရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။အကြောင်းကတော့ ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်တတ်ပါတယ်။
အဓိကသတိထားရမှာက ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီး
ဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးဖြစ်ပါတယ်။

ကလေး ရေချိုးဖို့ အသင့်ဖြစ်ပြီးဆိုရင် ကလေးအဝတ်များကို စတင်ချှတ်ပါမည်။ ပြီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်းတဝိုက်ကို ပွတ်ပေးပါ။ နား၂ဖက်ကို ပွတ်ပေးပါ။ လက်ညိှုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။
အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင် ကလေးရင်ဘတ််ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲ ထည့်ပါတော့မည်။

ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။
ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့ တံတောင်ဆစ်ကြား ဂျိုင်းကြား ဖင်ကြား ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညိှုးလေးဖြင့် ဂျီးရှင်းပေးပါ။
ယောကျင်္ားလေးများ ရေချိုးပေးလျှင် ရေွှပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများဆိုလည်း အမျိုးသမီး အင်္ဂါကို သေချာဆေးပေးပါ။

ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပြီး မေှာက်ပါမည်။ လက်တစ်ဖက်က ခေါင်းကို ထိန်းပြီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရေှ့ဘက်မှာထားပီး ကျန ်၄ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမေှာက်ရပါမယ်။သို့မှသာ ကလေးလည်မထွက်မှာ ဖြစ်ပါတယ်။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။

ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ “မီးလေးရေ.. ရေချိုးတော့မယ်..” “ရေချိုးရတာ ကောင်းတယ်နော်..ပျော်လား သားသားရေ..”၊ နည်းနည်းလေး ကြီးလာလို့ ရေဆော့တတ်လာပြီဆိုရင်..”ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..” အစရိှသဖြင့် ကလေးတေွကို စကားပြောပီး ရေချိုးပေးပါ။ ဉာဏ်ရည် ဖွံ့ဖြိုးစေပါသည်။

ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတပြီး ခေါင်းကို အရင်သုတ်ပါ။ ပြီးရင် ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနီှးဝတ်ပတ်ပါ။ အသင့်ပြင်ထားသော ကလေးအကျီကို ၀တ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မေွးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.