စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်သည်တွေ ဘယ်အစားအသောက်တွေကို ဘယ်လိုစားမလဲ?

Posted by Htoo Yan Aung April 21, 2020
Ktngtyamf66icay9hqdg

ကိုယ်ဝန် ပထမ ၃လမှာ ဝမ်းကြီးနာစွဲနေတာနဲ့ လက်ခံနိုင်လောက်တာလေးပဲစားပြီး ကျော်ဖြတ်ရပါတယ်။ ကယ်လိုရီလို့ခေါ်တဲ့ ခွန်အားလိုအပ်ချက်ကလည်း ကိုယ်ဝန်မရှိတဲ့ အချိန်ထက် ပိုမလိုအပ်သေးပါဘူး။ ကိုယ်အလေးချိန်လည်းသိသိသာသာ မတက်သေးပါဘူး။ တချို့ဆိုရင် နည်းနည်းတောင်ကျတတ်ပါတယ်။ တက်ရင်လည်း၂-၄ ပေါင်လောက်ပဲတက်ပါတယ်။

ဒုတိယ ၃လကာလနဲ့ တတိယ ၃လ ကာလများမှာတော့ ခံတွင်းကောင်းလာပေမယ့် ကိုယ်ဝန်သည်တွေက တစ်ထိုင်တည်းမှာ အများကြီးစားလို့ မရနိုင်ပါဘူး။ ဘာလို့မစားနိုင်လဲဆိုတော့ ကလေးက ကြီးလာတော့ သားအိမ်က အစာအိမ်ကို ဖိထားလာပါတယ်။ အစာအိမ်ကို ဖိထားတဲ့အခါကျတော့ အစာအိမ်က နေရာကျဉ်း သွားတယ်။ အများကြီးတစ်ထိုင်တည်းစားလိုက်ရင် စားလိုက်တဲ့အစာတွေက အစာအိမ်ထဲကနေ အစာပြွန်ထဲကို ပြန်တက်လာတတ်တယ်။ ဒါကြောင့်မို့လို့ အစားကို နည်းနည်းနဲ့ ခဏခဏစားပေးခြင်းအားဖြင့် များများရအောင် စားရမှာဖြစ်တယ်။ စားတဲ့ အစာကလည်း မျှတတဲ့ အဟာရ စုံစုံလင်လင်ဖြစ်ဖို့လည်းလိုပါတယ်။ သန့်ရှင်း လတ်ဆတ် ပူနွေးဖို့လည်း လိုပါတယ်။

မတည့်တဲ့အစာ မရှိပေမယ့် ကိုယ်ဝန်သည်တွေ ရှောင်သင့်တဲ့ အစားအစာ

ကိုယ်ဝန်သည်တွေ မတည့်တဲ့အစားအစာရှိလားဆိုတော့ တကယ်တမ်းပြောမယ်ဆိုရင် မရှိဘူးပေါ့။ ဒါပေမဲ့ ရှောင်သင့်တာလေးတွေတော့ ရှိတယ်ပေါ့။ ဥပမာပြောမယ်ဆိုရင် တညင်းသီးပေါ့။ တညင်းသီးဆိုရင် သူ ကိုယ်တိုင်က ကိုယ်ဝန်သည်ဖြစ်စေ ကိုယ်ဝန်သည် မဟုတ်သည်ဖြစ်စေ သူ့မှာက ကျောက်ကပ်ကို ပျက်စီးစေတဲ့ ဓာတ်တွေရှိတယ်။ ကိုယ်ဝန်သည်မှာဆိုရင် ကိုယ်ဝန်ဆိပ်တက်တာက ကျောက်ကပ်ကို ထိခိုက်စေတာပဲလေ။ ဒါမျိုးတွေက ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့အတွက် ကြောင့်မို့လို့ ကိုယ်ဝန်သည်တွေကို ဒီလိုအစားအစာတွေကို ရှောင်ရမှာပေါ့။

တကယ်တော့ လူတွေအများစုကရှောင်နေကြတာ တက်စာဆိုပြီးတော့ ရှောင်ကြပါတယ်။ ဥပမာ-ငါးသလောက်၊ မျှစ် စတာတွေကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ တက်စာရယ်မရှိဘူး။ သူတို့ တက်စာဆိုပြီး ရှောင်လိုက်တဲ့ အရာတွေမှာ တချို့အရွက်အသီးတွေ ဥပမာ ရုံးပတီသီးဆိုရင် တက်စာဆိုပြီး ရှောင်လိုက်တယ်။ တကယ်က အဲဒါက အာဟာရလည်း ပြည့်တယ်။ ဗိုက်တာမင်ဓာတ်တွေလည်း ပါတယ်။ ကိုယ်ခံအားကိုလည်း တက်စေတယ်။ အဲဒီတော့ တချို့အစားအစာတွေကို လွဲမှားစွာနဲ့ တက်တတ်တယ် ဆိုပြီးတော့ မစားကြဘူး ဆိုတော့ အဲဒါတွေကတော့ မှားပါတယ်။

အလေးအနက်ပြောချင်တာကတော့ တညင်းသီးလိုမျိုး ဆူးပုတ်ရွက်လိုမျိုးကလွဲပြီး ကျန်တာတွေ ကတော့ စားလို့ရပါတယ်။ နောက်တစ်ခု သူတို့ လွဲမှားနေတာက သင်္ဘောသီးမှည့်စားလို့ရှိရင် ကလေး ပျက်တတ်တယ် ဆိုတာမှာ သင်္ဘောသီးမှည့်တွေက တကယ်တော့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတယ်။ ဝမ်းကို ပျော့စေတယ်။ သူ့မှာရှိတဲ့ အဝါရောင်ကနေပြီးတော့ ကယ်ရိုတင်းတွေပါတယ်။ ကလေးပျက်ကျစေတယ်ဆိုတာ မဟုတ်ပါဘူး။ စားလို့ရပါတယ်။ ဒါတွေက ကိုယ်ဝန်သည်တွေကြားထဲမှာ အရိုးစွဲနေတဲ့ အယူအဆလေးတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ငါးစားတာအန္တရာယ်ကင်းသလား?

Movfl9wl2hqzx0rs22e3

• အကြမ်ဖျင်းပြောရရင် ငါးစားခြင်းဟာ ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။

• ရေချိုငါးများက အန္တရာယ်မရှိပါဘူး။

• ပင်လယ်ထဲက ငါးကြီးများဖြစ်တဲ့ mackerel or salmon လို အဆီများတဲ့ငါးကြီးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုမစားသင့်ဘူးလို့ လမ်းညွှန်လာပါတယ်။ ဘာကြောင်လဲဆိုတော့ အဲ့ဒီ ငါးကြီးတွေမှာ ပါတဲ့ မာကျူရီ (mercury) ဆိုတဲ့ဓါတ် သိပ်များရင် ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်တတ်လို့ ဖြစ်ပါ တယ်။

• ကျူနာ (tuna) ငါးကိုလည်း တစ်ပတ်မှာ ငါးအသား ၂ တုံး၊ အလတ်စားအရွယ် ကျူနာ (tuna) ဆီသွတ်ဘူး ၄ ဘူးထက်ပို မစားသင့်ပါဘူး။ shark, swordfish or marlin များကိုလည်း ရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းစားတာ အန္တရာယ်ကင်းသလား?

C6wnyrmrhxafvnqrkgwi

• အသည်းမှာဗီတာမင် အေ ဓါတ် အများကြီး ပါပါတယ်။ ဗီတာမင် အေ ဓါတ်ဟာများရင် ရင်သွေးလေးရဲ့ ဦီးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကိုထိခိုက်တတ်ပါတယ်။

• ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းနဲ့ အသည်းက ထုပ်လုပ်တဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မြေပဲနဲ့ မြေပဲကလုပ်တဲ့ မြေပဲထောပတ်စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

Qvg847ibucozl0unot0q

• မြေပဲရော ထောပါတ်ရောက အဟာရတန်ဖိုးရှိတဲ့အစားအစာတွေပါ။ ထောပါတ်ကတော့ ခွန်အား (Calories) နဲ့ အပူဓါတ်ကို ပေးစေတတ်တဲ့အတွက် အေးတဲ့ဒေသအတွက် ပိုကောင်းမှာပါ။

• ကိုယ်ဝန်ဆောင်ချိန်မှာနဲ့ ကလေးနို့တိုက်ချိန်မှာ မြေပဲနဲ့ မြေပဲကလုပ်တဲ့ မြေပဲထောပတ်တွေကို စားသုံးနိုင်ပါတယ်။

• မြေပဲစားခြင်းဖြင့် ရင်သွေးလေးကို မြေပဲနဲ့ မတည့်တာ ( Peanut Allergy) မဖြစ်စေပါ။

• မေမေ ကိုယ်တိုင် မြေပဲနဲ့ မတည့်ရင်တော့ ရှောင်ပါ။

အစားအစာတွေက ပိုးတွေ မပါလာအောင် ဘယ်လို ကာကွယ်မလဲ?

• အစားအစာက ပါလာတဲ့ ပိုးတစ်ချို့ ဥပမာ- listeria, salmonella or toxoplasmosis ဆိုတဲ့ ပိုးတွေ ပါလာ ပြီး ရင်သွေးလေးကို ထိခိုက်တတ်ပါတယ်။ ဘယ်လိုကာကွယ်ကြမလဲ?

Listeria မဖြစ်စေရန်

• ပိုးသတ်ထားတဲ့ pasteurised milk နို့ကိုဘဲသောက်ပါ။

• မာနေပြီဖြစ်တဲ့ Cheddar, cottage cheese and processed cheese စတဲ့ ချီစ်တွေက အန္တရာယ်ကင်းပေမဲ့ ပျော့နေသေးတဲ့ ချီစ် soft cheese တွေဖြစ်တဲ့ Camembert, Brie or blue-veined cheese စတာတွေ မစားသင့်ပါဘူး။

• အသည်းကလုပ်တဲ့ pâté ကို မစားပါနှင့်။

• အစားအစာများကို သေသေခြာခြာချက်ပြီးမှ စားပါ။ မကျက် တကျက် ချက်သောအစားအစာများကိုရှောင်ပါ။

Salmonella မဖြစ်စေရန်

• ကြက်ဥ ဘဲဥ အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်းရှောင်ပါ။

• ကြက်သားနှင့်ငါးများ မကျက်တကျက်စားခြင်းရှောင်ပါ။ ကျက်အောင်ချက်စားပါ။

Toxoplasmosis မဖြစ်စေရန်

• အစားအစားများကို မကိုင်မီနှင့် ကိုင်ပြီးတိုင်းလက်ဆေးပါ။
• အရွက်အသီးများအားလုံးကို ရေဆေးပါ။
• အသားများကို အေးခဲထားသောအသားများကို သေသေချာချာ ကျက်အောင်ချက်ပါ။
• ခြံထဲတွင် သစ်ပင်စိုက်ပျိုးလျှင် မြေကြီးများကို တူးဆွရင် လက်အိပ်ဝတ်ပါ။ လက်ကို သေချာစွာ ဆေးပါ။
• ကြောင်ချေးများနှင့် မထိအောင်နေပါ။ ကြောင်ချေးများကို ကိုင်တွယ်ရန်လိုအပ်ပါက ရာဘာလက်အိပ်ကို ဝတ်ပါ။

အချိုမှုန့်

Jnnjlzfoabyph5glbjp9

ကိုယ်ဝန်ဆောင်ချိန်မှာ အချိုမှုန့်ပါတဲ့ အစားအစာများ စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

ကိုယ်ဝန်ဆောင်ချိန်ဖြစ်စေ၊ မဆောင်ချိန်ဖြစ်စေ မည်သူမျှ မသုံးသင့်ပါ။

အော်ဂဲနစ်မဟုတ်တဲ့ ထုတ်ကုန်များ

Sdrypj1t1f055gpdhzbm

ကိုယ်ဝန်ဆောင်ချိန်မှာ အော်ဂဲနစ်မဟုတ်သော အသီးအရွက်များ စားသုံးခြင်းက အန္တရာယ်ရှိပါ သလား?

အော်ဂဲနစ်မဟုတ်သော အသီးအရွက်များတွင်ပါဝင်သော မြေသြဇာများ၊ ပိုးသတ်ဆေးများသည် အန္တရာယ်ရှိနိုင်ပါသည်။

ဆား

Rysmykr3l7t5jdyt4yug

ကိုယ်ဝန်ဆောင်ချိန်မှာ အငန်ဓာတ်ကဲတဲ့ အစားအစာများ စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

ပုံမှန် ဟင်းထဲမှာပါသလောက်စားနိုင်ပါတယ်။ အငန်လွန်ကဲတဲ့ အစားအစာ- ငါးပိ၊ ငါးခြောက်များ ရှောင်သင့် ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းကို အားပေးပါသည်။ ငါးပိ၊ ငါးခြောက်များမှာ ဗီတာမင် ဘီဝမ်း (B1)ကို ဖျက်ဆီးတဲ့ ဓါတ်ပါတဲ့အတွက် ဗီတာမင် ဘီဝမ်း (B1)ချို့တဲ့တဲ့ရောဂါဖြစ်တဲ့ ဘယ်ရီဘယ်ရီ ဆိုတဲ့ရောဂါကို ဖြစ်စေပါတယ်။ အထူးသဖြင့် အစားရှောင်ပြီး ငါးပိ၊ ငါးခြောက်များကိုသာ စားသုံးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

စပ်သော အစားအစာများ

Hoedinrxjxncr3wwepcx

ကိုယ်ဝန်ဆောင်ချိန်မှာ စပ်တဲ့အစားအစာများ စားခြင်းက အန္တရာယ်ရှိပါသလား?

အစပ်များတဲ့အစားအစာတွေနဲ့ ချဉ်လွန်းတဲ့အစားတွေက အစာအိမ်ကိုလောင်စေပါတယ်။ အစာအိမ်က အစာခြေရည် အက်ဆစ်ကို ပိုထွက်စေပါတယ်။ ကိုယ်ဝန်ကာလမှာ အစာပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာ မလုံတော့တဲ့အတွက် အစာအိမ်ထဲက အစာခြေရည်တွေ အစာပြွန်ထဲ ပြန်တက်လို့ ရင်ညွှန့်က ပူတယ် အောင့်တယ်- ဆိုတာဖြစ်လေ့ရှိပါတယ်။ Heart Burn လို့ ခေါ်ပါတယ်။ သဘာဝအတိုင်းကိုက ဖြစ်တတ်တဲ့ အချိန်မှာ အစပ်များတဲ့အစားအစာ၊ ချဉ်လွန်းတဲ့ အစား အစာ တွေစာရင်ပိုဆိုးစေမှာပါ။

ရေပိုက်ခေါင်းမှရေ

Wbrdh6c26p9j7bhr4vx8

ကိုယ်ဝန်ဆောင်ချိန်မှာ ရေပိုက်ခေါင်းကလာတဲ့ ရေကို သောက်သုံးတာက အန္တရာယ်ရှိပါသလား?

ဖွံဖြိုးပြီးနိုင်ငံအချို့တွင် ရေပိုက်ခေါင်းကလာတဲ့ ရေကို ပိုးမွှားကင်းစင်ပြီး သားဖြစ်လိုသောက်သုံးနိုင်တယ်လို့ ရေးထား လေ့ရှိပါသည်။ ထိုသို့ဆိုလျှင် အန္တရာယ်မရှိပါ။
မြန်မာနိုင်ငံတွင်တော့ ရေပိုက်ခေါင်းကလာတဲ့ ရေကို ပိုးမွှားကင်းစင်ပြီး သောက်သုံးနိုင်တယ်လို့မည်သူကမျှ အာမ မခံနိုင်သေး ပါ။ အန္တရာယ်ရှိပါသည်။

သကြားအတု

Scbj7jgeogfr6cvozw0e

ကိုယ်ဝန်ဆောင်ချိန်မှာ သကြားအစားထိုး သကြားအတု စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

သကြားအစားထိုး သကြားအတုရဲ့ကောင်းကျိုးဆိုးကျိုး အမျိုးမျိုးဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝ သကြားကိုပဲ သုံးတာပိုကောင်းပါလိမ့်မည်။

ပဲပင်ပေါက်

Zruaxlutyismfjsmek8o

ကိုယ်ဝန်ဆောင်ချိန်မှာ ပဲပင်ပေါက် စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

အန္တရာယ် မရှိပါ။ သေသေချာချာ ဆေးကြောဖို့လိုပါသည်။

ကိုယ်ဝန်ဆောင်ချိန်မှာ ချောကလက်များစွာ စားသုံးခြင်းက အန္တရာယ်ရှိပါသလား? ကိုယ်ဝန်ဆောင်ချိန်မှာ သကြားလုံးကို စွဲစွဲလမ်းလမ်း စားသုံးခြင်းက အန္တရာယ်ရှိပါသလား?

Qxl01iomc4ahr0qrukkm

မကောင်းပါ။ အချိုဓာတ်သည် ခွန်အားကိုဖြစ်စေတတ်သော်လည်း စွဲစွဲလမ်းလမ်း စားလျှင် အစားများလျှင် ကိုယ်ထဲတွင် အဆီဓါတ်ကိုပြောင်းသွားပြီး၊ ဝလာစေတတ်ပါသည်။ အချိုဓာတ်ကို မထိမ်းနိုင်လျှင် ကိုယ်ဝန်တွင် ဖြစ်သော ဆီးချိုရောဂါဖြစ်နိုင်ပါသည်။ ကလေးထွားတတ်ပါသည်။ ၄.၅ ကီလိုဂရမ်ထက်ပိုသော ကလေးများ မွေးတတ်ပါသည်။

ကဖိန်းပါဝင်တဲ့ ကော်ဖီ နှင့် ဆိုဒါ

Tanre7lqvmeoycbuxpc7

ကိုယ်ဝန်ဆောင်ချိန်မှာ ကဖိန်းပါဝင်တဲ့ ဆိုဒါများ သောက်သုံးခြင်းက အန္တရာယ်ရှိပါသလား?

Caffeine ပါတဲ့ အစားအစာများ ကိုယ်ဝန်မှာလျှော့သောက်သင့်ပါတယ်။ Caffeine ဓါတ်များရင် ကလေးရဖို့ ခက်ခဲသလို၊ ကလေးမှာ ချို့တဲ့မှုများပါလာတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျမှု၊ လမစေ့ဘဲ မွေးဖွားမှုကိုလည်း များစေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မှာ Caffeine ၂၀၀ မီလီဂရမ် (၁၂အောင်စကော်ဖီခွက်တစ်ခွက်) ထက်ပိုမသောက်သင့်ဘူးလို့ဆိုပါတယ်။ အကောင်းဆုံးက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ Caffeine ပါတဲ့အစားအစာများရှောင်သင့်ပါတယ်။။

ဒိုင်းယက်ရှိတ်ခ် (Diet Shakes) ဒိုင်းယက်ဆိုဒါ (Diet Soda)

Emowyetpiw8r3w7lbjzs

ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်လျှော့ဖို့အတွက်သောက်တဲ့ ဒိုင်းယက်ရှိတ်ခ် (Diet Shakes)၊ ဒိုင်းယက်ဆိုဒါ (Diet Soda) တွေကို သောက်သုံးတာက အန္တရာယ်ရှိပါသလား?

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ မကျိုးစားသင့်ပါ။ ဒိုင်းယက်ရှိတ်ခ် (Diet Shakes) ဒိုင်းယက်ဆိုဒါ (Diet Soda) တွေကို မသောက်သင့်ပါ။ အာဟာရပြည့်ဝပြီး အချိုးအစားမျှတသော အစားအစာများ (Balanced diet) စားပါ။ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ပါ။ လိုအပ်လျှင် အာဟာရ ပညာရှင်နှင့် တွေ့ဆုံ ဆွေးနွေးပါ။

ကြက်ဥအစိမ်းဖျော်သောက်ခြင်း

Nei3ovf3wozxxa93oojl

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဥအစိမ်းကို ဖျော်ရည်တစ်မျိုးမျိုးနဲ့ ရောဖျော်သောက်သုံးခြင်းက အန္တရာယ်ရှိပါသလား?

ကြက်ဥမှာ Salmonella ရောဂါပိုးပါလာရင် အန္တရာယ်ရှိပါတယ်။

ကြက်ဥ

Cdtak3ug5brviecvjgrc

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဥစားသုံးခြင်းက အန္တရာယ်ရှိပါသလား?

ကြက်ဥက အသားဓာတ် များပါတဲ့အတွက် အကျိုးရှိပါတယ်။ အစိမ်းတော့မစားသင့်ပါဘူး။

ဆေးဖက်ဝင် ရေနွေးကြမ်းများ

Gcsytcs3elvtiiaosv4k

ပုံမှန် လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းသောက်နိုင်ပါတယ်။ အလွန်အကျွံမသောက် သင့်ပါ။ ဆေးများကို ရေနွေးကြမ်းဖြင့် မသောက်သင့်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အားဆေးကို ရေနွေးကြမ်းဖြင့် သောက်လျှင် ပါဝင်သောဓာတ်များအား အစာအိမ်နှင့် အူနံရံက စုပ်ယူမှုကို အဟန့်အတား ဖြစ်စေတတ်ပါသည်။

ဆေးဖက်ဝင် ရေနွေးကြမ်းများ၏အာနိသင်ကို မသိနိုင်သောကြောင့် မသောက်သင့်ပါ။

ပွဲတော်အစားအစာများ

Hvilhuma3juujwl7mkmt

ကိုယ်ဝန်ဆောင်ချိန်မှာ မုန့်လုံးရေပေါ်၊ ထမနဲ စသည့် ရာသီအလိုက် ပွဲတော်အစားအစာများစားသုံးခြင်းက အန္တရာယ်ရှိပါသလား?

သန့်ရှင်းလတ်ဆတ်ပူနွေးလျှင် စားနိုင်ပါတယ်။ မုန့်လုံးရေပေါ်၊ ထမနဲ စသည့် ရာသီအလိုက် ပွဲတော်အစား အစာများသည် ကစီဓါတ်နဲ့ အချိုဓါတ်များသော အစာများဖြစ်ပါတယ်။ ခွန်အား (Calories) ကို ပေးစေတတ်သော်လည်း များလျှင် ခန္ဓာကိုယ်ထဲမှာ အဆီ အဖြစ်ပြောင်းသွားပြီး ဝလာစေတတ်ပါတယ်။ အချိုဓာတ်ကို မထိမ်းနိုင်လျှင် ကိုယ်ဝန်မှာဖြစ်တတ်တဲ့ ဆီးချိုဖြစ်စေတတ်ပါတယ်။ အလွန်အကျွံ မစားသင့်ပါ။

ပျားရည်

Kjgyx3b6m0zv6npeqyvq

ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားသုံးတာက အန္တရာယ်ရှိပါသလား?

သန့်လျှင်၊ စစ်လျှင် အန္တရာယ်မရှိပါ။

အသား

Szq62t7ioaqtuqo3oinc

အသားဓာတ်သည် ကလေးခန္ဓာကိုယ်တည်ဆောက်ရာမှာရော၊ မိခင်ရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုများပြုလုပ်ရာမှာ၊ သွေးအားတိုးစေဖို့ရာမှာပါ အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။ သေသေချာချာ ချက်ပြုတ်ပြီး သန့်ရှင်းလတ်ဆတ် ပူနွေးဖို့လိုပါတယ်။ အကင်များကတော့ လောင်ကျွမ်းသွားတဲ့နေရာ၊ တူးသွားတဲ့နေရာတွေကဖြစ်လာတဲ့ ဓာတ်တွေက ကင်ဆာဖြစ်စေတတ်ပါတယ်။

ဆူရှီ

Bulmoqjokz90k2mqcqd4

ကိုယ်ဝန်ဆောင်ချိန်မှာ ဆူရှီစားတာက အန္တရာယ်ရှိပါသလား?

သန့်ဖို့လိုပါတယ်။

သက်သတ်လွတ် အစားအစာ

Xafpunydyhkfvfxygi71

ကိုယ်ဝန်ဆောင်ချိန်မှာ အသီးအရွက်ချည်းစားရတဲ့ သက်သတ်လွတ် ဒိုင်းယက် စားပါက အန္တရာယ်ရှိပါသလား?

အသားမစားပေမဲ့ အရွက်အသီး အစေ့၊ ပဲအမျိုးမျိုး၊ နို့-စတဲ့ အစားအစာတွေထဲမှာ အဟာရဓါတ်တွေ (အသား ဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ အရိုးဓါတ်စတာတွေ)မျှတစွာပါဝင်အောင်စားရင် အန္တရာယ် မရှိပါ ဘူး။

ကိုယ်ဝန်ဆောင်တို့အတွက် ရှောင်သင့်သော အစားအစာများ

Kzwmc550bqrqrgosor0m

- ပြဒါးဓာတ် မြင့်မားစွာပါဝင်တဲ့ ပင်လယ်စာများ
- မကျိုချက်ထားသော နို့နှင့် ပိုးမသတ်ထားသော ဖျော်ရည်များ
- အေးခဲထားသောအသားနှင့် အသင့်စား ဆိုင်မှအသုပ်များ
- အစိမ်း သို့မဟုတ် မကျက်တကျက် အသား၊ ကြက်ဘဲကဲ့သို့ ငှက်အနွယ်ဝင်အသားများ၊ ငါး၊ ခရု၊ ဂဏန်းကဲ့သို့ အခွံမာ ပင်လယ်စာများ
- အပင်ပေါက် အစိမ်းများ၊ မဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်အစိမ်းများ
- ပိုးမသတ်ထားသော ချိစ်
- Energy Drinks နှင့် ကော်ဖီအလွန်အမင်းသောက်ခြင်း
- မမှည့်သေးသော သင်္ဘောသီး
- ဆီကြော်မုန့်များ
- အချိုများသောအစားအစာများ
- ဆိုဒါနှင့် ဆေးသကြားပါဝင်သော အချိုရည်များ
- ဆိုဒီယမ်ပါဝင်မှု မြင့်မားသော အစားအစာများ

အယ်လ်ကိုဟော

Ashbcha6pr5l7yzzjqcs

- ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟော ပမာဏဘယ်လောက်ကို များတယ်လို့ ပြောနိုင်ပါသလဲ?

- အယ်လ်ကိုဟောက ကလေးကို ဘယ်လောက်အထိ သက်ရောက်မှု ရှိစေနိုင်ပါသလဲ?

- ဘယ်လိုအကူအညီရယူရပါမလဲ?

- အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဘီယာ နဲ့ ဝိုင် သောက်လို့ရပါသလား?

- ကိုယ်ဝန်ရှိတယ်လို့ မသိခင်မှာ အနည်းငယ်သောက်မိတယ်ဆိုရင် ဘာဖြစ်နိုင်ပါသလဲ?

အနည်းငယ် သောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဝိုင်တစ်ခွက်၊ ဘီယာတစ်ခွက်လောက် သောက်တာက အန္တရာယ်ရှိပါသလား?

ဘူဖေး

Vgz0swtsiob44by7c7wu

ကိုယ်ဝန်ဆောင်ချိန်မှာ ဘူဖေးစားသုံးခြင်းက အန္တရာယ်ရှိပါသလား?

သန့်ရှင်းဖို့၊ ယင်ကောင်မနားထားဖို့၊ လတ်ဆတ်ဖို့၊ အပူ အစပ်လွန်သော၊ အချဉ်လွန်သော အစားအစာများ ဖြစ်ဖို့လိုပါတယ်။

အဆီကျဆေး

Q3zlf4vq9xfdexe28bry

ကိုယ်ဝန်ဆောင်ချိန်မှာ အဆီကျဆေး သောက်သုံးခြင်းက အန္တရာယ်ရှိပါသလား?

ဆရာဝန်နှင့် တိုင်ပင်ရန်လိုပါသည်။

မကျိုချက်ရသေးသော နွားနို့

Utsxagngsnyw6ibwtsit

ကိုယ်ဝန်ဆောင်ချိန်မှာ မကျိုချက်ရသေးသော နွားနို့အစိမ်းကို သောက်တာက အန္တရာယ်ရှိပါသလား?

အန္တရာယ်ရှိပါသည်။ ကိုယ်ဝန်ရှိသည်ဖြစ်ဖစ၊ မရှိသည်ဖြစ်စေ အစိမ်းမသောက်သင့်ပါ။ ကျက်ကျက်ကြိုပြီးမှ သောက်ပါ။ နွားမှာ တီဘီရောဂါရှိပြီး နို့ထဲမှာရောဂါပိုးပါခဲ့လျှင်၊ နို့ညှစ်သူမှာ တီဘီရှိခဲ့လျှင် အစိမ်းသောက်ပါက အူတီဘီဖြစ်တတ်သည်။

အစိမ်း သို့မဟုတ် မကျက်တကျက်ငါး နှင့် ဂုံးကောင် အစိမ်း

N6j0bjcsc3eagdjrbhyj

ကိုယ်ဝန်ဆောင်ချိန်မှာ ငါးကို မကျက်တကျက်၊ ကြပ်တိုက် သို့မဟုတ် အစိမ်းစားသုံးခြင်းက အန္တရာယ်ရှိပါသလား? ကိုယ်ဝန်ဆောင်ချိန်မှာ ဂုံးကောင်အစိမ်း သို့မဟုတ် ကင်ပြီးစားခြင်းက အန္တရာယ်ရှိပါသလား?

လူတိုင်းနှင့်ဆိုင်ပါသည်။ ကျက်အောင်ချက်ပြီးမှစားသင့်ပါသည်။ ကူးစက်တတ်သောရောဂါများ ကူးစက်နိုင်ပါသည်။

ပိုးမသတ်ထားတဲ့ ဖျော်ရည်များ

Pbiw2dw4vwx5hifvlvv4

ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးမသတ်ထားတဲ့ ဖျော်ရည်ကို သောက်သုံးခြင်းက အန္တရာယ်ရှိပါသလား?

အန္တရာယ်ရှိပါသည်။ ပိုးမွှားများပါပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.