
သန္ဓေသားရဲ့အာဟာရအခြေအနေ ကောင်းမွန်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်တိုင်း သိထားသင့်တဲ့အချက်တေွကို ပြောပြပေးချင်ပါတယ်။ အဲဒါတေွကတော့
- သား၊ ငါး၊ သီးနှံနှင့် ပဲအမျိုးမျိုး တတ်နို်င်သမှျ စုံလင်အောင်စားပါ။ ဆရာဝန်မညွှန်ကြားဘ အစားမရေှာင်ပါနဲ့။
- ဟင်းသီးဟင်းရွက် သစ်သီးဝလံများနေ့စဉ်စားပါ။
- ကိုယ်ဝန် ၄-၅ လလောက်ကစပြီး နေ့စဉ် ထမင်းတစ်ပန်းကန် ပိုစားပါ။ ဟင်းချက်ဆီနည်းနည်း ပိုစားပါ။
- ကိုယ်ဝန်ယူတော့လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး ဖောလစ်အက်ဆစ်နှင့် သံဓာတ်ပါဝင်တဲ့ အားဆေးကို မပျက်မကွက်သောက်ပါ။
(ဗီတာမင်အမျိုးမျိုးပါဝင်တဲ့ အားဆေးများကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မှီဝဲနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတာထက်ပိုပြီး မသောက်ပါနှင့်။)
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ဖော်ပြသည်။