
မေမေတို့ကတော့ ဝမ်းကြီးနာစွဲ တာ သက်သာလာပြီး နေလို့ကောင်းလာပါပြီ။ ပထမသုံးလမှာ ပင်ပန်းခဲ့သမျှ ဒုတိယ ၃လဟာ အစားအသောက် ပိုကောင်း လာပြီး စိတ်လက်ပေါ့ပါးတဲ့အချိန်ဖြစ်ပါတယ်။ ဒုတိယ ၃လရဲ့မှာ သားအိမ်အမြင့် ဟာ ဗိုက်အပေါ်ပိုင်း အထိရောက်လာပြီဖြစ်ပေမဲ့ အစာအိမ်နဲ့ အူများအပေါ် ဖိအား သက်ရောက်မှုလေး နည်းပါသေးတယ်။ တတိယ၃လလောက်တော့ ဗိုက်မကြပ်သေးပါ။ ကိုယ်ဝန်ကာလ ၃ပိုင်း အနက် နေလို့ စားလို့ အဆင်ပြေဆုံးအချိန် ဖြစ်ပါတယ်။ ၁၃ ပတ် လောက်ကစပြီ ခံတွင်းပြန်ကောင်းလာရာက စားကောင်း သောက်ကောင်း ဖြစ်ပြီး ကိုယ်ဝန် အပတ် ၂၀ (၅လ) နောက်ပိုင်း ကိုယ်အလေးချိန်လည်း သိသိသာသာ စတက်လာပါပြီ။
တဖြည်းဖြည်း လရင့်လာတဲ့အခါ သားအိမ်က မြင့်လာပြီး ဗိုက်ကြပ်လာတဲ့အတွက် တထိုင်ထည်း များများ စားလို့မရဘဲ နည်းနည်းနဲ့ ခဏခဏစားရပါတယ်။ ကိုယ်ဝန်မှာထွက်တဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းကြောင့် အစာပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာ မလုံတဲ့အပြင် သားအိမ်က အစာအိမ်အပေါ် ဖိထားတာကြောင့် အစာအိမ်ထဲက အစာနဲ့ အစာခြေရည် အက်ဆစ်တွေ အစာပြွန်ထဲ ပြန်တက်တဲ့အတွက် လေပူထတာ ဖြစ်တတ်ပေမဲ့ တတိယ ၃လလောက်မဆိုးသေးပါဘူး။
