သွားနဲ့ခံတွင်းကျန်းမာရေးက လူတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး စကားပြောဆို ဆက်သွယ်ရမှာ ခံတွင်းနံ့ မဆိုးဖို့ လိုသလို အပြုံးချင်းဖလှယ်ရာမှာလည်း ယုံကြည်မှုရှိဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အာပုပ်စော်နံတာ ၊ သွားမှာ ကျောက်တည်တာနဲ့ သွားချိုး( ဂျိုး )တက်တာတေွကို ပျောက်ကင်းစေတဲ့ သဘာဝသွားတိုက်ဆေး ပြုလုပ်နည်းကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
-------------
အုန်းဆီသန့် စားပွဲတင်ဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
---------------
အရင်ဦးဆုံး ပါဝင်ပစ္စည်း နှစ်မျိုးလုံးကို သေချာ ရောမေွှလိုက်ပါ။ ပြီးရင်သွားတိုက်တံပေါ် တင်ပြီးတော့ သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လှျာကိုလည်း တိုက်ပေးဖို့ မမေ့ပါနဲ့။ မုန့်ဖုတ်ဆိုဒါကြောင့် သွားတေွကို ဖြူဖေွးစေမှာ ဖြစ်ပြီး သွားချိုး (ဂျိုး) တေွကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ Antimicrobial အစွမ်းကြောင့်လည်း လှျာပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတေွကို သေစေမှာပါ။ ဒါကြောင့် အာပုပ်စော်နံံတာကို ကောင်းကောင်း ပျောက်ကင်းစေပါတယ်။
#Ref( My Style news - သဘာဝသွားတိုက်ဆေးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)